Movie Name
Cheese In The Trap (အချစ်ထောင်ချောက်)
Year
2018
Generes
Romance
Code
SKR0338
Type
Series
Size
5.66 GB
Country
Korea
Description
အိုဂုံပြီးတော့ ဆမ်းဂျန်းရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော်…. Cheese in the trap ဆိုတာနဲ့ 2016တုန်းက tvN ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့ဖူးတဲ့ mini series လေးကို အတော်များများကြည့်ဖူးကြမှာပါနော်….. ခုကတော့ “Cheese in the Trap” ဆိုတဲ့ korean webtoonလေးကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်ဇာကားလေးပါ….. ဒီဇာတ်ကားလေးကို14.3.2018မှာရုံတင်ပြသခဲ့တာဖြစ်ပြီးIMDb 7.3/10 ,Asian Wiki မှာ user rating 84%,Box Office မှာလည်း US$1.8 million ရထားတဲ့ကားလေးပါ….. Cast တွေအနေနဲ့ကတော့ Mini Series မှာတည်းက leading role အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Park Hae-jin က ယူဂျောင်းအဖြစ် မင်းသမီးချောလေးOh Yeon-seo ( ဆမ်းဂျန်း) က ဟုန်းဆော အဖြစ် Park Ki-woong (return 2018)က ဘဲ့ခ်အင်ဟို အဖြစ် Yoo In-young (Mask , My Golden life)က ဘဲ့ခ်အင်ဟာအဖြစ် Sandara Park (2NE1) က ဂျန်းဘိုရာအဖြစ် Kim Hyun-jin က ကွမ်အွန်တက်ခ် အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်…. ဇာတ်လမ်းအကျဉ်းလေးကတော့…. ကျူရှင်စရိတ်တွေ ၊ နေထိုင်စရိတ်တွေကြောင့် အချိန်ပိုင်းအလုပ်တွေနဲ့ အမြဲမအားလပ်နေတဲ့ သာမာန်တက္ကသိုလ်ကျောင်းသူလေး ဟုန်းဆော..ချ မ်းသာတဲ့မိသားစုက ဆင်းသက်လာပြီး ရုပ်ရည်ချောမော တစ်ခြားသူတွေအပေါ်လည်း ရည်ရည်မွန်မွန်ဆက်ဆံတတ်တဲ့ စီနီယာကျောင်းသား ယူဂျောင်း ယူဂျောင်းတို့မိသားစုက ကျွေးမွေးစောင့်ရှောက်ထားပြီး ယူဂျောင်းနဲ့အတူ ကြီးပြင်းလာခဲ့ကြတဲ့ ဘဲ့ခ်အင်ဟို နဲ့ ဘဲ့ခ်အင်ဟာ ဟုန်းစောရဲ့ အချစ်ဆုံးသူငယ်ချင်း ဆတ်ဆတ်ကျဲမလေး ဘိုရာနဲ့ ဘိုရာ့ကို ကျိတ်သဘောကျနေပြီး ဟုန်းဆောနဲ့ဘိုရာ့နားမှာပဲ တပူးတတွဲတွဲရှိနေတတ်တဲ့ကောင်လေး အွန်တက်ခ် တခြားသူတွေနဲ့ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိနေတတ်တဲ့ ယူဂျောင်းကိုမြင်ရတိုင်း ယူဂျောင်းမှာဖုံးကွယ်ထားတဲ့ တစ်ခြားစိတ်နေစိတ်ထားတွေ ပုံပန်းသဏ္ဍာန်တွေရှိမယ်လို့ထင်နေပြီး အဆင်မပြေမသက်မသာခံစားမိနေတဲ့ ဟုန်းဆောကို အရင်စာသင်နှစ်မှာ ဆက်ဆံရေးမပြေပြစ်သော်လည်း လက်ရှိစာသင်နှစ်မှာ ယူဂျောင်းက ရုတ်တရက် စကားတွေလာပြော တွဲကြဖို့ပြောတဲ့အခါမှာတော့…. သူတို့နှစ်ဦး အဆင်ပြေသွားကြမလား …… ယူဂျောင်းနဲ့ ဘဲ့ခ်မောင်နှမဆက်ဆံရေးအေးစက် သွားရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ…… ဆတ်ဆတ်ကျဲဘိုရာနဲ့ ချစ်စရာကောင်လေး အွန်တက်ခ်တို့ကရော ဟုန်းဆောနဲ့အမြဲ ပျော်ပျော်ရွှင်ရွှင်ရှိနေကြမလား……… ဒီဇာတ်ကားလေးရဲ့ထူးခြားချက်က တစ်ခြားဘယ်ဇာတ်ကားမှာမှ မပါဖူးတဲ့ ထူးခြားတဲ့မင်းသားဇာတ်ရုပ်လေးကိုခံစားကြရမှာဖြစ်ပြီး ၊ ဆမ်းဂျန်းလေးရဲ့ အူကြောင်ကျားပုံစံအပြင် သူငယ်ချင်းဆက်ဆံရေးတွေ ၊ ကိုယ့်အပေါ်ထိခိုက်လာရင် ပြန်တုံ့ပြန်တတ်သူတို့စရိုက်တွေ ၊ စောင့်ထိန်းသင့်တဲ့စည်းတွေကို ရိုက်ပြထားပြီး တစ်ခြားဇာတ်ကောင်တွေလည်း ပီပြင်စွာပါဝင်သရုပ်ဆောင်ထားတာမို့ screen ပေါ်မှာသာ ဆက်လက်ရှုစားကြပါနော်…….