Movie Name
Almost Lover (2022) (နှလုံးသားသို့တနစ်စူးစူး)
Year
2022
Generes
Romance
Code
SC0590
Type
Series
Size
9.50 GB
Country
China
Description
1-36 Completed ဒီအချစ်ဇာတ်လမ်းလေးကတော့ ကျောင်းသားဘဝတိတ်တခိုး ချစ်ခဲ့ရတဲ့သူတွေရှိရင် ကြည့်သင့်တယ်နော် ရေဒီယိုဌာနတစ်ခုရဲ့ MCဖြစ်သူ ဟယ်ရှောင်ယန် ရှောင်ယန်မှာ သူ့ကျောင်းသူဘဝတုန်းက ဖြစ်ခဲ့တဲ့အတိတ်ဆိုးတစ်ခုရှိပါတယ် အဲ့အတွေးက သူ့ကိုခုထိလိုက်နှောင့်ယှက်နေတာကို ခံနေရသူပါ သူကျောင်းသူဘဝတုန်းက သူငယ်ချင်းဖြစ်သူရှောင်ရှန့်ချီကို တိတ်တခိုးချစ်ကြိုက်ခဲ့ပါတယ် ဒါပေမဲ့ ရှန့်ချီဟာ အဆုံးသတ်မှာသူနဲ့ချစ်ကြိုက်ရမဲ့အစား သူတိုအဖွဲကသူငယ်ချင်းဖြစ်သူ ချန်ဖေးအာကို ချစ်ကြိုက်နေခဲ့ပါတယ် ရင်နာစရာဇာတ်လမ်းလေးပါပဲ သူငယ်ချင်းဖြစ်သူနှစ်ယောက်ကြားရှောင်ယန်ဟာ သူ့ခံစားချက်တွေကိုဖွင့်မပြောတော့ဘဲ သိမ်းဆည်းထားလိုက်ပါတော့တယ် ဒီလိုနဲ့ရှောင်ယန်ဟာပြောင်းသွားပြီး ရေဒီယိုဌာနတစ်ခုမှာ DJတီးတဲ့သူအဖြစ် ဝင်လုပ်ခဲ့ပါတယ် အဲ့အချိန်မှာဘဲ ကံကြမ္မာရဟတ်ကတစ်ကျော့ပြန်ပြီး လွန်ခဲ့တဲ့၈နှစ်က ကိစ္စကိုပြန်အသက်သွင်းဖို ဖြစ်လာပါတော့တယ် အဲ့ဒါကတော့ရှန့်ချီဟာ နိုင်ငံခြားကနေ သူတိုမြိုကိုပြန်လာပြီး ကျဆုံးခါနီးဖြစ်နေတဲ့ ကုမ္ပဏီကိစ္စကို တာဝန်ယူလုပ်ဆောင်ရပါတော့တယ် ဒီတစ်ခါမှာတော့ရှန့်ချီက အရင်တုန်းက သူမှားတဲ့ကိစ္စတစ်ခုကို အမှန်ပြန်ပြင်ဖို ဆုံးဖြတ်ထားပြီးသားပါ သူဟာရှောင်ယန်နဲ့တွေ့ပြီး သူမတွေးဘဲမနေနိုင်ခဲ့တဲ့သူ သူတကယ်ချစ်နေတဲ့သူဟာ ရှောင်ယန်လိုပြောလိုက်တဲ့အချိန် ကဲဘာတွေဆက်ဖြစ်မလဲ? နှစ်ဖက်လုံးကသူငယ်ချင်းဖြစ်နေချိန် ရှောင်ယန်ဘာကိုရွေးချယ်မလဲ? သူကြောက်လန့်နေခဲ့ရတဲ့အတိတ်ကိစ္စကို သူပြန်အသက်သွင်းပြောင်းလဲနိုင်ပါ့မလား?