-
Movie Name
-
Prince (2022)
-
Year
-
2022
-
Generes
-
Action, Drama
-
Code
-
IND0547
-
Type
-
Movie
-
Size
-
1.50 GB
-
Country
-
Bollywood
-
Description
-
Prince (2022)
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့
မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့
အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်…
ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ..
ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ
စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ…
ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ…။
ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ…။
အဲ…သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး
တစ်ယောက်ရောက်လာတယ်…
သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်…။
ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို
ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ…။
ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ…။
အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲ
မင်းသားအဖေက ဗြိတိသျှကို မုန်းတယ်
မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ်
ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး…။
ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ
မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ
ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်..