Movie Name
Debt Collectors (2020)
Year
2020
Generes
Action
Code
EN1827
Type
Movie
Size
912 MB
Country
Hollywood
Description
ဘွိုက်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်ရဲ့ အက်ရှင်ကားအသစ်ပါ။ နာမည်ကတော့ အကြွေးတောင်းသူများတဲ့။ ဇာတ်လမ်းကတော့ အကြွေးတောင်းတဲ့ဇာတ်လမ်းပါပဲ။ လူမိုက်လုပ်ခဲ့ဖူးတယ် ဖရန့်ချ် နဲ့ ဆူး ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကျည်ဆံတွေမှန်ပြီး သေလုမျောပါး ဖြစ်ပြီးတဲ့နောက်မှာ အနားယူခဲ့ကြပါတယ်။ ဒါပေမယ့် စီးပွားရေး အဆင်မပြေတဲ့အခါမှ နောက်ဆုံးတစ်ခေါက်အနေနဲ့ အကြွေးတွေ အချီကြီးလိုက်တောင်းပေးရမယ်အလုပ်ကို လက်ခံပေးလိုက်မိပါတယ်။ အကြွေး၃ ခုကို ၂ ရက်အတွင်း အပြီးတောင်းပေးရမယ့်အလုပ်ပါ။ ဒါပေမယ့် အလုပ်က ထင်သလောက် လွယ်ပြီး ရိုးရှင်းမနေပါဘူး။ တောင်းရတာ တကယ့် ဖိုက်တာတွေဆီက ဖြစ်ပြီး မပေးဘဲ ပြန်ချမယ့်သူတွေချည်း ဖြစ်နေတဲ့အပြင် အကြွေးတောင်းခိုင်းတဲ့ ဘော့စ်ရဲ့ နောက်ကွယ်မှာလည်း ပြဿနာတွေ ထပ်ရှိနေတဲ့အခါ နွားအိုကြီးနှစ်ယောက် နွားပျိုတွေနဲ့အပြိုင် ပွဲကြမ်းရပါတော့တယ်။ ဟာသလည်းပါပြီး အက်ရှင်ကောင်းကောင်းနဲ့မို့ ကြည့်ကောင်းမယ့်ကားပါပဲ။