Movie Name
Can You Hear My Heart
Year
2011
Generes
Drama, Romance
Code
SKR0340
Type
Series
Size
20.6 GB
Country
Korea
Description
ဒီpostမှာဘဲလင့်ဆက်ဖြည့်ပေးမယ်upထားကြ ဇာတ်လမ်းအညွှန်း ကင်ဂျေးဝန်ဟာ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး အမေဖြစ်သူမှ မွေးစားထားတဲ့ ခင်မင်ရင်းနှီးရတဲ့ အကိုတယောက်(နမ်ဂွန်မင်)ရှိပါတယ်။မင်းသမီးဟွမ်အွန်ဂျန်းနဲ့လည်း ကလေးဘဝတည်းက ခင်ခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါ ကင်ဂျေးဝန်က မမှတ်မိတော့ပါဘူး။ ကင်ဂျေးဝန်က ငယ်ငယ်တုန်းက မတော်တဆမှုတခုကြောင့် နားကန်းသွားခဲ့ပါတယ်။ဒီလျို့ဝှက်ချက်ကို နမ်ဂွန်မင်နဲ့သူ့မိသားစုကလွဲလို့ အပြင်လူတွေမသိအောင် ဖုံးကွယ်ထားခဲ့ပါတယ်။သူဟာ လူတွေရဲ့ ပါးစပ်လှုပ်တာကို ကြည့်ပြီးမှ စကားပြောတာကို နားလည်နိုင်တဲ့သူဖြစ်ပါတယ်။နောက်ပိုင်းမှာ အွန်ဂျန်းနဲ့ပြန်တွေ့ပြီး နှစ်ယောက်ပြန်မှတ်မိသွားတဲ့အခါ မကြာခင်မှာပဲ အွန်ဂျန်းဟာ သူ့လျို့ဝှက်ချက်ကို ရိပ်မိသွားပြီး ဘေးနားကနေ အမြဲကူညီပေးခဲ့ပါတယ်။ အွန်ဂျန်းဟာလည်း သူမရဲ့ အကို(ပထွေးရဲ့သား)ကိုလိုက်လံရှာဖွေနေသူဖြစ်ပါတယ်။ပထွေးဖြစ်သူဟာ နေမကောင်းသလို သားဖြစ်သူကိုလည်း တွေ့ချင်လွန်းနေတာကြောင့် အွန်ဂျန်းက လိုက်ရှာပေးနေတာဖြစ်ပါတယ်။နောက်ပိုင်းမှာ သူမလိုက်ရှာနေတဲ့သူဟာ ကင်ဂျေးဝန်တို့မိသားစုရဲ့မွေးစားသား(နမ်ဂွန်မင်) ဖြစ်ပြီး သူမပထွေးရဲ့သားအရင်းလည်းမဟုတ်ဘဲ နားမကြားရတဲ့ကင်ဂျေးဝန်ရဲ့ အဖေတူအမေကွဲသားဖြစ်ကြောင်း သိသွားတဲ့အခါမှာ.....