Movie Name
It's Beautiful Now (2022)
Year
2022
Generes
Drama, Family, Romance
Code
SKR0748
Type
Series
Size
30.6 GB
Country
Korea
Description
1-50 Completed Lee Yoon-Jae (Oh Min-Suk), Lee Hyun-Jae (Yoon Si-Yoon) နဲ့ Lee Soo-Jae (Seo Bum-June) တို့က လက်ထပ်တာတွေ ရည်းစားထား တာတွေမှာ စိတ်မဝင်စားတဲ့ လူပျိုကြီးညီအစ်ကိုတွေပါ။ သူတို့ရဲ့ အဘိုး Lee Kyung-Cheol (Park In-Hwan) နဲ့ သူတို့မိဘတွေဖြစ်တဲ့ Lee Min-Ho (Park Sang-Won) နဲ့ Han Kyung -Ae တို့က သူတို့သားတွေ ဒီလိုဖြစ် နေတာကို စိုးရိမ်နေကြတယ်။ အဲဒါကြောင့် သူတို့သားသုံးယောက်ကို အပေးအယူတစ်ခု ကမ်းလှမ်းလိုက်တယ်။ ညီအစ်ကိုတွေထဲမှာ အရင်ဆုံး လက်ထပ်တဲ့ ပထမတစ်ယောက်ကို တိုက်ခန်း အပိုင်ရမယ်ဆိုတဲ့ အပေးအယူပဲ ဖြစ်ပါတယ်။ အဲလိုနဲ့ တိုက်ခန်းလိုချင်တဲ့ ညီအစ်ကိုသုံးယောက် ကြိုးစားပြီး အပြိုင်အဆိုင် လက်ထပ်ဖို့ မိန်းမရှာကြမှာပါ။ အကြီးဆုံးအစ်ကိုဖြစ်တဲ့ Lee Yoon-Jae က သွားဆရာဝန်အဖြစ်လုပ်ကိုင်ပြီး လူနာတွေကြားထဲမှာ ဂုဏ်သတင်းကျော်ကြားတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အလတ်လေးကတော့ Lee Hyun Jae ဖြစ်ပြီး ကွာရှင်းအမှုတွေကိုင်တွယ်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ အငယ်ဆုံးညီလေး Lee Soo-Jaeကတော့ အစိုးရအလုပ်ရဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့သူလေးပါ။ အစ်ကိုကြီး Lee Yoon-Jae တစ်ယောက် သူ့ရဲ့ လူနာတစ်ယောက်ဖြစ်တဲ့ Lee Hyun-Jae ရဲ့ ဥပဒေဌာနက Sim Hae-Joon (Shin Dong-Mi) နဲ့တွေ့ပြီး ဘယ်လိုတွေဖြစ်လာမလဲ…? ကွာရှင်းတာတွေ လက်ထပ်တာ‌‌တွေကို စိတ်ကုန်နေပြီး အလုပ်ထဲပဲ နစ်နေသူ Lee HyunJae အမှုသည် Hyun Mi-Rae (Bae Da-Bin) ကိုတွေ့ပြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲ။ အချိန်ပိုင်းအလုပ်တွေလုပ်ကိုင်ရင်း Na Yoo-Na (Choi Ye-Bin) နဲ့ တွေ့ဆုံခဲ့တဲ့ ညီအငယ်ဆုံးလေးကရော ဘယ်လိုဖြစ်မလဲ။ သူတို့သုံးယောက်ထဲမှာ ဘယ်သူအရင်လက်ထပ်ပြီး တိုက်ခန်းကိုရသွားမလဲ…? ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဒီ ဇာတ်လမ်းတွဲအသစ်လေး It’s Beautiful Now ကို အပတ်စဉ်စနေ တနင်္ဂနွေနေ့တိုင်း Channel Myanmar မှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ *** အပိုင်း ၅၀ ပါဝင်မှာဖြစ်လို့ အဆင်လေးတွေကို အဝကြည့်ရဦးမှာနော် …