-
Movie Name
-
Hello, My Love (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
SC0591
-
Type
-
Series
-
Size
-
3 GB
-
Country
-
China
-
Description
-
အချစ်ရဲ့ သစ္စာဖောက်မှုဒဏ်တွေ လှည့်စားမှုဒဏ်တွေကို
ရင်ဆိုင်ဖို ဝန်မလေးကြတဲ့ သူမတိုရဲ့ဇာတ်ကြောင်း…”
❐ အသက် (၃၅) နှစ်အရွယ် ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး
လှလှပပ ကျော့ကျော့မော့မော့နေတတ်သူ
ကိုယ့်ကိုကိုယ်သာချစ်မြတ်နိုး၊
ကိုယ့်ကိုကိုယ်သာအားကိုးတတ်ပြီး
သူတစ်ပါးကိုအားကိုးရမှာဝန်လေးသူ
အလုပ်ကိုပဲအာရုံထားပြီး
ဆွဲဆောင်မှုရှိသူတစ်ဦးလဲဖြစ်တဲ့ – ကျန်းဖန်း
သူမဟာ အိမ်ထောင်ကွဲ တစ်ကိုယ်တည်းသမားဖြစ်ပြီး
အလုပ်ခွင်မှာ အခက်အခဲပေါင်းများစွာကို
ရင်ဆိုင်ခဲ့ရသူလဲဖြစ်ပါတယ် ကံကြမ္မာစီမံချက်အရ
သူမရဲ့လုပ်ဖော်ကိုင်ဖက် သားဖြစ်သူနဲ့
နောက်ထပ်အချစ်တစ်ခု ထပ်မံပေါက်ဖွားလာဖို
အကြောင်းဖန်လာခဲ့ပါတော့တယ် ဒါပေမဲ့လို
အသက်အရွယ်ကွာခြားတာကြောင့် /
အိမ်ထောင်ကွဲပြီး အချစ်ကိုနာကျဥ်းထားတဲ့အတွက်ကြောင့်
အချစ်ကိုထပ်မံထိတွေ့ဖို ဝန်လေးနေခဲ့သူ “သူမ”
❐ အသက် (၃၀) အရွယ် အာမခံကုမ္ပဏီရဲ့ညှိနှိင်းသူ
ပြိုင်ဆိုင်စိန်ခေါ်မှုတွေကိုသဘောကျသူ
တစ်ခြားသူတွေကို ကူညီတတ်သူဖြစ်ပြီး
ဘယ်ပြဿနာနဲ့ပဲ ရင်ဆိုင်ရပါစေ
အေးအေးဆေးဆေးဖြေရှင်းတတ်သူ – ဖန်းရှောင်ချန်
(၇) နှစ်တာမျှချစ်ခဲ့ရတဲ့ ချစ်သူရည်းစားဟာ
သူမအပေါ်ထားတဲ့ စိတ်ခံစားချက်တွေကုန်ဆုံးလာခဲ့ပြီး
တစ်ချိန်ကနက်ရှိင်းခဲ့တဲ့အချစ်တွေဟာ တစ်ဖြည်းဖြည်းနဲ့
အေးစက်မှုတွေအဖြစ်ပြောင်းလဲသွားခဲ့သည့်အတွက်
အချစ်ကိုစိတ်နာနေသူ “သူမ”
❐ အသက် (၂၅) နှစ်အရွယ် ဘွဲလွန်ကျောင်းသူတစ်ဦးဖြစ်ပြီး
အိမ်မွေးတိရစ္ဆာန် ဘလော့ဂါတစ်ဦးဖြစ်သူ
ရုပ်ရည်ချောမောလှပပြီး ချစ်ရဲ မုန်းရဲ
လုပ်ရဲ ကိုင်ရဲရှိသူ – လော်ရှောင်းရှောင်း
ပထမဦးဆုံးအကြိမ် အချစ်ကိုထိတွေ့ပြီး
အချစ်ရဲ့ လှည့်စားမှုကို ခံလိုက်ရသူ “သူမ”
ဒီဇာတ်ကားလေးဟာဆိုရင်
အသက် ၂၀ , ၃၀ , ၄၀ အရွယ် အမျိုးသမီးများအကြား
ကြုံတွေ့ရတတ်တဲ့ ဆက်ဆံရေးပြဿနာတွေကို
အကွက်ကျကျ ရိုက်ကူးပြသထားတဲ့
ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
အမျိုးသမီးတွေရဲ့ မတူညီတဲ့အသက်အရွယ်တွေကြားက
ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေကို
ခွဲခြမ်းစိတ်ဖြာရင်း သူတိုသုံးယောက်ဟာ –
❐ သံသယတွေ ၊ တုန့်ဆိုင်းမှုတွေ ၊ အခက်အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပြီး ဖြေရှင်းနိုင်ပါ့မလား ?
❐ သစ္စာဖောက်မှုတွေ ၊ လှည့်စားမှုတွေ ၊
ထောင်ချောက်တွေရဲ့ရှေ့မှောက်မှာ
ရိုးသားမှုတွေ ဇွဲလုံလတွေနဲ့အတူ
အတားအဆီးတွေကို ကျော်ဖြတ်နိုင်ပါ့မလား ?
❐ ဘဝရဲ့ အလင်းတန်းလေး တောက်ပလာတဲ့အချိန်မှာ
ပိုပြီးကောင်းမွန်တဲ့ “ကိုယ့်ကိုကိုယ်” ကို ပြန်လည်ရှာဖွေပြီး
အချစ်စစ်နဲ့ တွေ့ဆုံနိုင်ပါ့မလား ? ဆိုတာ
ကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင်
အချစ်/အမုန်း/အညှိး/အာဃာတ အစရှိတဲ့
ရသမျိုးစုံ ခံစားရစေမဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို
အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်