Movie Name
Black Dog Being A Teacher ( 2019 )
Year
2019
Generes
Drama
Code
SKR0343
Type
Series
Size
8.36 GB
Country
Korea
Description
Black Dog ဒီတစ်ခါတော့ ကျောင်းဆရာ ဆရာမတွေ အကြောင်း ရိုက်ကူးထားတဲ့ BLACK DOG ဆိုတဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ် ဒီဇာတ်ကားထဲမှာတော့ beauty inside က မင်းသမီး Seo Hyun Jin ကို စာချုပ်နဲ့ ဆရာမအဖြစ်လုပ်ကိုင်နေတဲ့ ယာယီကျောင်းဆရာမလေး ဂိုဟာနူးအဖြစ်မြင်ရမှာပါ ဟာနူးဟာ ဘာလို့ ဒီလို အာမခံချက်မရှိတဲ့ စာချုပ်အလုပ်သမား ဘ၀ကို ရွေးချယ်ခဲ့လဲဆိုတာတော့ သူမမှာလည်း အကြောင်းရင်းတွေ ရှိနေပါတယ် သူမ အထက်တန်းကျောင်းသူဘ၀တုန်းက သူမတို့ ကျောင်းလေ့လာရေးခရီးမှာ သူတို့စီးလာတဲ့ ကားဟာ လိုဏ်ခေါင်းတိမ်းမှောက်သွားခဲ့ပါတယ် အဲ့အချိန်မှာတော့ ကားထဲမှာ ဟာနူးတစ်ယောက်တည်း ခြေထောက်ညပ်ပြီး ကျန်နေခဲ့ပါတယ် ကားက ပေါက်ကွဲတော့မှာမို့ ဆရာတွေကော ကျောင်းသားတွေရော ကားနားကို မသွားဖို့ ကယ်ဆယ်ရေးက တားနေပေမယ့် စာချုပ်နဲ့ဆရာ၀င်လုပ်နေတဲ့ ယာယီဆရာ ကင်ယောင်းဟာတော့ တပည့်ဖြစ်သူကို ကယ်ဖို့ လိုဏ်ခေါင်းထဲပြန်၀င်သွားပြီး မှောက်နေတဲ့ ကားထဲကို ၀င်ပြီးကယ်ဆယ်ခဲ့ပါ သူကယ်ဆယ်နေတဲ့ အချိန် နောက်ကလိုက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့က လူတစ်ယောက်နဲ့ ကျောင်းသူဂိုဟာနူးကိုထည့်ပေးလိုက်ပြီး သူကတော့ နောက်က လိုက်ခဲ့မယ်လို့ပြောခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ ကားက ပေါက်ကွဲသွားတဲ့အခါမှာတော့ ဆရာကင်ယောင်းဟာ သေဆုံးသွားခဲ့ပါတယ် ကျောင်းသားကျောင်းသူတွေနဲ့အခြားသူတွေကတော့ ဒဏ်ရာအသေးမွှားအတွက်တောင်မှ လျော်ကြေးတွေရရှိခဲ့ပေမယ့် ဆရာကင်ယောင်းဟာအတွက်တော့ လျော်ကြေးမရရှိခဲ့ပါဘူး ဘာကြောင့်မရခဲ့လဲဆိုတာကတော့ သူက စာချုပ်နဲ့ လုပ်ကိုင်နေတဲ့ ယာယီဆရာတစ်ယောက်ဖြစ်တဲ့အတွက်ပါတဲ့ ဂိုဟာနူးတစ်ယောက် အဲ့အဖြစ်ပျက်တွေဖြစ်ပြီး သူ့ဆရာရဲ့မိသားစု လျော်ကြေးမရတာတွေသိရှိပြီးတဲ့နောက်မှာတော့ သူမလည်း ဆရာတစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ခဲ့ပြီး သူ့ဆရာလိုပဲ စာချုပ်နဲ့ ယာယီဆရာတစ်ယောက်အနေနဲ့ ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပါတယ် ဒါဆိုရင် သူကော သူ့ဆရာလို ဆရာကောင်းတစ်ယောက်ဖြစ်လာမှာလား စာချုပ်နဲ့ လုပ်ကိုင်ရတဲ့ အလုပ်သမားတစ်ယောက်ရဲ့ အခက်အခဲတွေကိုကော သူဘယ်လိုရင်ဆိုင်မလဲဆိုတာ Black Dog ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုအားပေးကြပါဦးနော်