Movie Name
Birth Of A Beauty
Year
2014
Generes
Comedy, Romance
Code
SKR0344
Type
Series
Size
6.44 GB
Country
Korea
Description
Birth of a Beauty စီးရီးလေးမှာ Joo Sang Wook, Han Ye Seul, Jung Ju Woon နဲ့ Wan Ji Hye တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် စိတ်သဘောထားကောင်းသလောက် စွဲဆောင်မှုမရှိရှာတဲ့ Sa Geum Ran ဟာ လူကုံထံမိသားစုဝင် Lee Kang Joon နဲ့ အိမ်ထောင်ကျပြီး ခင်ပွန်းဘက်ကအမျိုးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခုနှစ်လုံးလုံး သည်းခံခဲ့ရပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို Geum Ran ကို သောကပွေစေတဲ့ သတင်းတစ်ခုကတော့ အမေရိကမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်းသည် Kang Joon က သူ့ကိုအသိမပေးဘဲ ကိုရီးယားပြန်ရောက်နေတဲ့အပြင် နာမည်ကြီး announcer တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတဲ့သတင်းပါပဲ။ ဒါပေမယ့် အဲဒီ့အကြောင်းကို Kang Joon ရှေ့ ထုတ်ပြောလိုက်တဲ့အခါ ကွာရှင်းပေးဖို့တောင်းဆိုခံရတဲ့အပြင် ယောက္ခမဖြစ်သူကဦးဆောင်ပြီး Kang Joon နဲ့ဖောက်ပြန်တဲ့ announcer မမကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပြပါတော့တယ်။ ကံဆိုးလေသူ Geum Ran လည်း အိမ်ထောင်သက်တစ်လျှောက်လုံး သည်းညည်းခံလာခဲ့တဲ့ မျက်နှာကိုမှမထောက် ပေါ်ပေါ်ထင်ထင် မျက်နှာပြောင်တိုက်ရဲတဲ့ ခင်ပွန်းသည်မိသားစုကို ဒေါသထွက်နာကျည်းပြီး စိတ်လိုက်မာန်ပါ ကားမောင်းထွက်လာရင်း အက်စီးဒင့်ဖြစ်ပြီး ချောက်ထဲထိုးကျသွားခဲ့ပါတယ်။ သူမသေပြီအထင်နဲ့ ကျန်ရစ်သူတွေက ဈာပနလုပ်ပေးခဲ့ပေမယ့် သေကံမရောက် သက်မပျောက်ခဲ့သူ Geum Ran တစ်ယောက် သူမအပေါ် မတရားသဖြင့် နိုင်ထက်စီးနင်းလုပ်ခဲ့သူ၊ သစ္စာမဲ့ခဲ့သူတွေအပေါ် ဘယ်လိုလှည့်ကွက်တွေနဲ့ ကလဲ့စားပြန်ချေမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစား အားပေးနိုင်ကြပါပြီ