Movie Name
Blockbuster (2022)
Year
2022
Generes
Comedy
Code
SE0332
Type
Series
Size
3.33 GB
Country
Hollywood
Description
1-10 Completed ဟာသမင်းသား Randall Park ရဲ့ ဟာသစီးရီးကောင်းထွက်လာပါပြီ။ တကယ်ခွီရပါတယ်။ 90’s born တွေ ငယ်ငယ်က အမြဲသွားခဲ့ကြတဲ့ စာအုပ်အငှားဆိုင် အခွေငှားဆိုင်လေးတွေရှိတယ်…အခု‌ခေတ်လို Netflix streaming service‌ တွေမပေါ်ခင်က တော့ Blockbuster ဆိုတဲ့ ဗီဒီရိုအခွေငှားဆိုင်လေးတွေကိုပဲ အားကိုးပြီး ရုပ်ရှင်တွေခံစားခဲ့ကြတာပေါ့။ Blockbuster ဆိုတာလည်း အမေရိကန်ရဲ့ ၉၀ ဝန်းကျင်ဖွားတွေ အတမ်းတရဆုံး ခွေငှားဆိုင်တစ်ခုပေါ့ဗျာ။ 2000 ခုနှစ်နောက်ပိုင်းရုပ်တဲ့အခါမှာတော့ Internet ဆိုတဲ့အရာနဲ့အတူ ရုပ်ရှင်တွေကို အဆင်ပြေတဲ့နေရာကနေ အလွယ်တကူကြည့်ရှုလာနိုင်တယ် Streaming service တွေမှိုလိုပေါက်လာတာနဲ့အမျှ ဒီလိုဆိုင်လေးတွေဟာလည်း တဖြည်းဖြည်းနေ၀င်ချိန်ကိုရောက်လာပါပြီ ။ အဲ့ဒီထဲကမှ ဆိုင်ခွဲ 9000 ကျော်ရှိတဲ့ blockbuster videoခွေငှားဆိုင်တွေဟာ ပိတ်သိမ်းလာခဲ့တာ Oregon မြို့နယ်မှာရှိတဲ့ နောက်ဆုံးကျန်တဲ့ Blockbuster ဆိုင်လေးတစ်ဆိုင်ပဲရှိပါတော့တယ် ။ ဒီ‌ဆိုင်လေးရဲ့ ပိုင်ရှင် တင်မီနဲ့ဆိုင်၀န်ထမ်းအဖွဲ့ဟာ ‌ဆိုင်ကိုအရမ်းသံယောဇဉ်ရှိတဲ့အတွက် အတတ်နိုင်ဆုံး ကျားကန်ကြိုးစားရင်း ဖြတ်သန်းကြပုံကို ရိုက်ပြထားတာဖြစ်ပါတယ်။ The office လို အလုပ်ခွင် Comedy တွေ , နာမည်ကြီး ဟော်လီးဝုဒ် references တွေအများအပြားကိုထည့်သုံးထားပြီး ရုပ်ရှင် ကြမ်းပိုးတွေအကြိုက်တွေ့စေမယ့် Comedy ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်