Movie Name
Karm Yuddh (2022)
Year
2022
Generes
Drama
Code
SIND0041
Type
Series
Size
2.50 GB
Country
Bollywood
Description
1-8 Completed Karm Yuddh (2022) အခု တစ်ခါမှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ TV Series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ခရိုနီကြီးတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အကြောင်းဆိုရင်လည်း မမှားနိုင်လောက်ပါဘူး ဘာလို့လဲဆိုတော့ ဒီစီးရီးလေးက တကယ့်လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေအချင်းချင်း ကိုယ်အကျိုးအမြတ်ရဖို့အတွက် အာဏာလု ရပိုင်ခွင့်လုကြပြီး အောက်ခြေလူတန်းစားကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့အကြောင်းတွေကို အမိအရရိုက်ကူးထားလို့ပဲဖြစ်ပါတယ်… ဒီလိုစီးပွားရေးလုပ်ငန်းရှင် မိသားစုတစ်စုရှိတယ်… ရွိုင်းမိသားစုလို့ခေါ်တယ်… ထုံးစံအတိုင်း ခရိုနီမိသားစုဆိုတော့ မိသားစုအတွင်းထဲမှာတင်ပဲ မြေခွေးလို အကောက်ကြံနေကြတာပေါ့..စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို တစ်ဦးတည်း မောင်ပိုင်စီးချင်နေကြတယ်… သူတို့ ရပိုင်ခွင့်လုရင်း ပဲကြီးလှော်ကြား ဆားညှက်ခဲ့ရတာကတော့ စက်ရုံအလုပ်သမားတွေပါပဲ.. တစ်ညမှာ စက်ရုံအကြီးအကျယ်မီးလောင်ခဲ့ပြီး အလုပ်သမားတွေ အများကြီးသေဆုံးခဲ့ရတယ်… စီဘီအိုင်တွေက ဒီအမှုကို လိုက်လံစုံစမ်းတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အခါ….။ နောက်ကွယ်က ကန့်လန့်ကာ ဘယ်လိုကွာကျလာမလဲဆိုတာကို တစ်ပိုင်းချင်းအလိုက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်… လုပ်ငန်းရှင်အချင်းချင်းကြား အပြိုင်အဆိုင်တွေကိုကြည့်ရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ကျရင်း ကျရောက်လာမယ့် အန္တရယ်တွေနဲ့ အဆင့်ဆင့်ကျော်လွှားပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ ဗဟုသုတလည်းရ ကြည့်ရလည်းတန်တဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါနော်