-
Movie Name
-
Star Trek Picard (2022)
-
Year
-
2022
-
Generes
-
Action, Adventure
-
Code
-
SE0335
-
Type
-
Series
-
Size
-
2.53 GB
-
Country
-
Hollywood
-
Description
-
1-9 Completed
IMDb Rating – 7.5/10
Star Trek ဇာတ်လိုက်ကျော်ကြီး Jean Luc Picard ရဲ့ စွန့်စားခန်း
Season 2 ဆက်လက်ထွက်ရှိလာပါပြီ။
Star Trek ဆိုတာ ဒီနိုင်ငံမှာ Fanbase သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့
Sci-Fic လောကရဲ့ ပထမဆုံးထွက်ခဲ့တဲ့ ဘိုးအေ Franchise ကြီးတစ်ခုလို့
ပြောလို့ရပါတယ်။
ဒီဇာတ်လမ်းတွဲမှာလည်း X Men ထဲက Charles Xavier နဲ့သိကြတဲ့ မင်းသားကြီး
Patrick Stewart က ဦးဆောင်ပါဝင်ထားပြီး IMDB မှာလည်း 7.5 ထိရထားပြီး
အတော်လေး အခြေအနေကောင်းပါတယ်။
ဇာတ်လမ်းကိုပြောရရင် …season 1 မှာ ဗိုလ်ကြီး ဂျွန်လု ပစ်ကာ့ အနားယူနေရာကနေ
အမျိုးသမီးတစ်ယောက်ကြောင့် စွန့်စားခန်းတွေထွက်ဖြစ်ခဲ့ပြီး နောက်ဆုံး စတားဖလိ
အကယ်ဒမီမှာ အဓိပတိတစ်ယောက်ဖြစ်လာခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။
ဒီ Season 2 မှာတော့ အင်တာပရိုက် နဲ့ ဖက်ဒရေရှင်းအဖွဲ့တွေ အရင်ကနှိမ်နင်းသုတ်
သင်ခဲ့ဖူးတဲ့ ဘို့ဂ်မျိုးနွယ်စုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ ဘို့ဂ်ဘုရင်မဟာ ပစ်ကာ့နဲ့
ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်နေစဉ် …ပစ်ကာ့ရဲ့ရန်သူဟောင်းကြီးလို့ပြောလို့ရတဲ့
ကျူဟာ အတိတ်ကို ၂၀၂၄ ခုနှစ် အတိတ်ကိုခရီးသွားပြီး သမိုင်းကိုပြောင်းကာ
ပစ္စုပ္ပန် ဖြစ်တည်မှုတစ်ခုလုံးကိုပါ ပြောင်းလဲပစ်ပါတော့တယ်။
ဒီလိုပြောင်းလဲမှုကြောင့် ဖက်ဒရေးရှင်းအဖွဲ့ဟာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ Reality
တစ်ခုဖြစ်သွားပြီး မဟာမိတ်ကိုဖက်ဒရေးရှင်းမှာ ပစ်ကာ့ဟာ အာဏာရှင်နိုင်ံငံကြီးရဲ့
ခေါင်းဆောင်ဖြစ်နေပြီး စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်အုပ်စိုးထားတဲ့ နာမည်ဆိုးနဲ့
လူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အရှိတရားတွေလွဲမှားနေတာကို နားလည်သွားတဲ့
ပစ်ကာ့ဟာ မူလအခြေအနေကိုပြန်သွားနိုင်ဖို့….အချိန်ခရီးသွားမှုတွေနဲ့ စွန့်စားခန်းတွေ
လုပ်ဆောင်ရတာကို ကြည့်ရှုရမှာပါ။