Movie Name
Ram Setu (2022)
Year
2022
Generes
Action, Adventure
Code
IND0552
Type
Movie
Size
1.31 GB
Country
Bollywood
Description
ဒီနေ့ကတော့ မင်းသားကြီးတွေရဲ့ကား ထွက်တဲ့နေ့ပါပဲ အခုလည်း အာရှေးကူမာရဲ့ ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ် အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ် အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ် ဒါကို အဲဒီရမ်ဆက်တူဆိုတာဟာ လူဖန်တီးထားတာမဟုတ်၊ သဘာဝအလျောက် ဖြစ်တည်နေတာဖြစ်ကြောင်းကို အစိုးရအဖွဲ့အစည်းက အာရန်ကို သက်သေထူခိုင်းပါတယ် ဒါပေမယ့် အများနဲ့တစ်ယောက်ဖြစ်နေသလိုပဲ ပြည်သူလူထုက လူအင်အားများပြီး အစိုးရအဖွဲ့အစည်းက လူအင်အားနည်းနေတဲ့အခါ အိန္ဒိယပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းရဲ့ စီးပွားရေးကြိုးပမ်းမှုနဲ့ အာရန်ရဲ့ သက်သေပြမှုတွေကြားက တိုက်ပွဲကို ခင်းကျင်းပြသထားတဲ့ ဒီကားဟာ နိုင်ငံရေးရော ဘာသာရေးရော ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်