-
Movie Name
-
Babel
-
Year
-
2019
-
Generes
-
Crime, Drama
-
Code
-
SKR0347
-
Type
-
Series
-
Size
-
8.27 GB
-
Country
-
Korea
-
Description
-
2019 ခုနှစ် January လမှာ စတင်ပြီးထုတ်လွှင်ခဲ့ကာ TV Chosun ရုပ်သံလိုင်းမှာ ပြသဆဲဖြစ်တဲ့ Babel လို့ အမည်ရတဲ့ Korea Drama တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ … Crime Drama Mystery ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်ပြီး မင်းသား Park Si-hoo, Kim Ji-hoon တို့နှင့်အတူ မင်းသမီး Jang Hee-jin တို့က ပါဝင်ထားပါတယ် … ချာဝူဟော့ ဟာ သတင်းထောက်ဘဝကနေပြီး အမှုစစ်ဘဝကို ရောက်ရှိလာခဲ့တဲ့ သူတစ်ဦးပါ … သူဟာ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်တော့ စိတ်ဆတ်လွယ်သူတစ်ဦးလဲ ဖြစ်ပါတယ် … အပူအပင်မရှိကြီးပြင်းလာခဲ့ပါသော်လည်း တစ်နေ့ သူ့အဖေရဲ့ သေဆုံးမှုကြောင့် မိသားစုအစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပါတယ် … အဖေဖြစ်သူဟာ တိကျရေရာခြင်းမရှိတဲ့ မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့ရပြီးတော့ မိခင်ဖြစ်သူဟာ ဖခင်ရဲ့သေဆုံးမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပါတယ် … ဖခင်ရဲ့သေဆုံးမှုဟာ စီးပွားရေးလုပ်ငန်းတစ်ချို့နဲ့ ပတ်သတ်မှုရှိတယ်လို့ သိရတဲ့အချိန်မှာတော့ အမှန်တရားကိုဖော်ထုတ်ဖို့အတွက်နှင့် လက်စားချေရန် အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ် … ထိုစဉ်မှာပဲ ချာဝူဟော့ ဟာ လက်ထပ်ပြီးသားဖြစ်တဲ့ မင်းသမီး ဟန်ဂျောင်ဝန်း နဲ့ တွေ့ဆုံခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ် … ဟန်ဂျောင်ဝန်း ရဲ့ ခင်ပွန်းဖြစ်သူကတော့ ဂေါဆန်း Electronic ကုမ္ပဏီရဲ့ သားဖြစ်သူ ထယ်မင်ဟို ပါ … ထယ်မင်ဟို ရဲ့ သေဆုံးမှုအတွက် ချာဝူဟော့ တစ်ယောက် အမှုစစ်အဖြစ်တာဝန်ယူရင်း သူချစ်ရတဲ့ အမျိုးသမီး ဟန်ဂျောင်ဝန်း ကို လူသတ်တရားခံ သံသယသူအဖြစ် တွေ့ရတော့အခါမှာတော့ ဘာတွေဆက်ဖြစ်မယ်ဆို ” Babel ” ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ အဖြေရှာလိုက်ကြရအောင်နော် … Rating အရ IMDb မှာ 8/10 နှင့် MyDramaList မှာ 8.4/10 အသီးသီးရရှိထားတဲ့ rating မြင့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ် …