-
Movie Name
-
Warriors Of Future (2022)
-
Year
-
2022
-
Generes
-
Action, Adventure
-
Code
-
CN0488
-
Type
-
Movie
-
Size
-
1.17 GB
-
Country
-
China
-
Description
-
Warriors of the Future (2022)
ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်လာပါပြီ။
မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။
ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
အနာဂတ်အချိန်ကို အခြေတည်ထားတာပါ။
အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ။
ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး
နောက်ဆုံးမှာ လေထုပါ အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ်။
လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ။
တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင် ပေါက်ထွက်လာပါတယ်။
အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။
တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဖြစ်နေတာပါ။
အခုဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာကတော့ အဲဒီအပင်ရဲ့ ဖျက်ဆီးနိင်စွမ်းတွေကို တားဆီးပြီး
ကမ္ဘာကိုကယ်တင်နိုင်ဖို့ စစ်ဆင်ရေးတစ်ခု ခက်ခက်ခဲခဲ ဆင်နွှဲရတဲ့အကြောင်းပါပဲ။
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ခံစားကြည့်လိုက်ပါဦး