-
Movie Name
-
Stairway To Heaven (2003) (အချစ်လှေကားထစ်လေးများ )
-
Year
-
2003
-
Generes
-
Drama, Romance
-
Code
-
SKR0025
-
Type
-
Series
-
Size
-
10.8 GB
-
Country
-
Korea
-
Description
-
1-20 Completed
Stairway to Heaven (2003)(အညွှန်း)
==========================
လွန်ခဲ့တဲ့ 2000 ခုနှစ်အကျော်ပိုင်းအချိန်တွေတုန်းက …..
အခုလိုမျိုး ည ၈ နာရီသတင်းအပြီးလာမယ့် ကိုရီးယားဇာတ်လမ်းတွဲကို
စောင့်ကြည့်ခဲ့ရတဲ့အချိန်တွေကလည်း ဘာပဲဖြစ်ဖြစ်လွမ်းမောစရာပါပဲ။
အဲဒီထဲကမှ “အချစ်လှေကားထစ်လေးများ” ရဲ့ “ဆုန်ဂျူး အိုပါး” ကိုငမ်းခဲ့ရတဲ့အချိန်တွေကတော့ အကောင်းတကာ့အကောင်းဆုံးပေါ့ 🤭
ဝါရင့်ကေဒွမ်မာဖန်တော်တော်များများ အလွတ်ရမတတ်ကြည့်ထားကြလောက်မယ့်ကားလေးဖြစ်တာမို့
ဇာတ်လမ်းကတော့ အထွေအထူးပြောဖို့မလိုတော့ပါဘူး။
အိုင်ကတော့ ဒီကားကို စင်ဒရဲလား ကိုရီးယားဗားရှင်းလို့ပဲညွှန်းချင်ပါတယ် 🫠
အမိမဲ့ဖြစ်နေရရှာတာလေးကလွဲလို့ ရုပ်ရည်၊ စည်းစိမ်ဥစ္စာ၊ ပညာအရည်အချင်း အားလုံးပြီးပြည့်စုံနေတဲ့အပြင်
အစစအရာအရာပြီးပြည့်စုံပြီး သူ့ကိုလည်းအရမ်းကိုဂရုစိုက်ပေးတဲ့
“ဆုန်ဂျူး အိုပါး” ပါရှိနေသေးပြန်တဲ့ “ဂျောင်ဆော” ရဲ့ဘဝကြီးက
မိထွေးတော်နဲ့သူ့သမီးရောက်လာကာမှ အကုန်ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ရတာမို့ပါ။
ငယ်စဉ်တည်းကချစ်ခဲ့ရတဲ့ ငယ်ချစ်ဦးနဲ့ပေါင်းဖက်ဖို့အရေးအခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပြီး
တကယ်တမ်းပေါင်းဖက်ခဲ့ရပြီးကာမှ ဘယ်တော့မှပြန်မဆုံစည်းနိုင်တော့တဲ့ ခွဲခွါခြင်းနဲ့ခွဲခွါခဲ့ရရှာတဲ့
“ဆုန်ဂျူး နဲ့ ဂျောင်ဆော” ရဲ့ love story ကိုကြည့်တိုင်း အိုင်ကတော့ ခုထိကို မျက်ရည်နဲ့မျက်ခွက်ပါပဲ:’)
အဆုံးသတ်ကိုကြိုသိထားပေမယ့်လည်း ကမ္ဘာကျော် Titanic ဇာတ်ကားကြီးလို
ပြန်ကြည့်တိုင်းဘယ်တော့မရိုးနိုင်တဲ့အပြင် Kwong Sang Woo, Choi Ji Woo, Lee Wan, Shin Hyun Joon, Kim Tae Hee, Park Shin Hye,
Baek Sung Hyun, Lee Wan တို့ရဲ့ တစ်ချိန်ကပုံရိပ်တွေ နဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုပါ ပြန်ခံစားနိုင်အောင်လို့တင်ဆက်ပေးလိုက်ရပါတယ်။
အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Lai Laii, Hmwe, Lao Qui, Milkeux တို့ပဲ ဖြစ်ပါတယ်။