Movie Name
A Gentleman's Dignity
Year
2012
Generes
Comedy, Romance
Code
SKR0348
Type
Series
Size
9.75 GB
Country
Korea
Description
ဆယ်ကျော်သက် လူငယ်အချစ်ဇာတ်လမ်းတွေချည်းပဲ ရိုးအီလာကြတယ့် ပရိသတ်တွေအတွက် အသက် 40 အရွယ် လူပျိုကြီးတို့ရဲ့ အချစ်ဟာသဇာတ်လမ်းလေးကို ရသအသစ်တစ်ခုအနေနဲ့ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ် … ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်ထဲက ထွက်ရှိခဲ့တဲ့ နာမည်ကျော် Korean Comedy Series လေးတစ်ခုပဲ ဖြစ်ပါတယ် … Main Cast တွေအနေနဲ့ Jang Dong-Gun, Kim Su-Ro, Kim Min-Jong, Lee Jong-Hyuk တို့နှင့်အတူ Kim Ha-Neul, Yoon Se-Ah တို့က ပါဝင်ထားပါတယ် …. Kim Do-jin ၊ Im Tae-san ၊ Choi Yoon နဲ့ Lee Jung-rok တို့ ၄ ယောက်ဟာ ငယ်ငယ်ထဲကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ် … တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ ဆွဲဆောင်မှုရှိတဲ့ Architect တစ်ယောက်ဖြစ်တဲ့ Kim Do-jin နဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ ကျောင်းဆရာမလေး Seo Yi-soo တို့ အပျော်တမ်း baseball ပြိုင်ပွဲမှာ တွေ့ဆုံမိရာက သူတို့ 2 ယောက်ကြားမှာ romantic ဆန်တဲ့ ဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ် … Seo Yi-soo က သူငယ်ချင်းရဲ့ရည်းစားကို တစ်ဖက်သတ်ကြိုက်နေတာကို Kim Do-jin သိသွားတဲ့အခါ ဘာတွေဖြစ်လာမှာလဲ? Seo Yi-soo ကရော သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ Kim Do-jin ကို ပြန်ချစ်နိုင်မှာလား? သက်လတ်ပိုင်းယောကျာ်းလေးယောက်ရဲ့ အချစ်နဲ့ဘဝအကြောင်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာတော့ တစ်ခေတ်တစ်ခါက ပျိုမေတို့ရဲ့ အသည်းစွဲဖြစ်တဲ့ ဒါရိုက်တာရင်လို့ခေါ်တဲ့ ဂျန်ဒေါင်ဂန်က ကင်ဒိုဂျင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် … တကယ်ကို ရီမောပျော်ရွှင်စေနိုင်တဲ့ ဇာတ်ကားအမျိုးအစားလေး ဖြစ်တဲ့အတွက် romantic comedy ကြိုက်သူတိုင်းအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် … Rating အရ IMDb မှာ 8.1/10 နှင့် MyDramaList မှာ 8.4/10 အသီးသီးရရှိထားပါတယ် … ( ဇာတ်လမ်းအညွှန်းကိုတော့ Mee Nge မှ ရေးသားပေးထားပါတယ် )