-
Movie Name
-
Murloc (2022)
-
Year
-
2022
-
Generes
-
Action, Thriller
-
Code
-
CN0489
-
Type
-
Movie
-
Size
-
1.08 GB
-
Country
-
China
-
Description
-
လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ
ကျင်လည်ကျက်စားကြသူတွေပါ။
ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် နေရာပြောင်းရွှေ့လာရင်း
ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ
ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။
လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။
ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့်
အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။
ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး
အဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။
တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း
ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။
လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက်
လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ
ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့
ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။
ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။
သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း
မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ…
ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး
သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့
သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို
ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက်
လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။