Movie Name
Abyss
Year
2019
Generes
Comedy, Fantasy, Romance
Code
SKR0349
Type
Series
Size
7.37 GB
Country
Korea
Description
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးမဲ့ ongoing series လေးကတော့ `Abyss´ ဆိုတဲ့ series လေးပဲဖြစ်ပါတယ် အဓိက မင်းသားကတော့ thirty but seventeen ထဲက ယူချန်း (Ahn Hyo Seop) လေးပါနော် မင်းသမီးကတော့ strong woman Do Bong Soon ထဲက ပရိတ်သတ်အချစ်တော် ဘုံဘုံ (Park Bo Young) လေးပါ ဇာတ်လမ်းလေးကတော့ သဘာလွန်ပုံစံလေးပါ သေပြီးနောက်တစ်ဖန် ခန္ဓာအသစ်နဲ့ပြန်လည်ရပ်တည်ခွင့်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါ ချာမင်ဟာ ကိုရီးယား ထိပ်တန်း အလှကုန် ကုပ္မဏီတစ်ခုရဲ့ ဆက်ခံသူဖြစ်ပေမဲ့ သူ့ရဲ့ရုပ်ရည်နဲ့ပက်သက်ပြီး အမြဲတမ်း စိတ်ဓာတ်ကျအားငယ်နေတတ်သူပါ သူငယ်ချင်းဂိုစဲယွန်းကမိတ်ဆက်ပေးတဲ့ ကောင်မလေးတစ်ယောက်နဲ့တွဲပြီး လက်ထပ်ဖို့လုပ်ခဲ့ပေမဲ့ ကောင်မလေးက ပစ်သွားခဲ့ပါတယ် အဲ့အတွက် စိတ်ဓာတ်ကျပြီး သေကြောင်းကြံရာကနေ မတော်တဆဖြစ်ပြီး တကယ်သေသွားခဲ့ပါတယ် ဒါပေမဲ့ စိတ်ဝိဉာဉ်ဖန်လုံးကြောင့် အသက်ပြန်ရှင်လာပြီး ရုပ်ရည်ကလဲ အရင်နဲ့မတူပဲ ချောမောတဲ့ ကောင်လေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ် ဂိုစဲယွန်းကတော့ လှပတဲ့ အမှုစစ်ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ အသတ်ခံခဲ့ရပါတယ် ဂိုစဲယွန်းရဲ့ ဇပနကို ချာမင်ရောက်လာခဲ့ပြီး စိတ်ဝိဉာဉ်ဖန်လုံးနဲ့ ဂိုစဲယွန်းကို အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့ပါတယ် အဲ့အချိန်မှာပဲ ဂိုစဲယွန်းက ခန္ဓာအသစ်တစ်ခုနဲ့ ပြန်လည်နိုးထလာပါတော့တယ် ဂိုစဲယွန်း ဘာကြောင့်သေရတာလဲ နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာကိုတော့ Channel Myanmar က တင်ဆက်ပေးမဲ့ `Abyss´ ဇာတ်ကားလေးမှာပဲ စောင့်ကြည့်ရအောင်နော် ဒီစီးရီးလေးဟာ အပတ်စဉ် အင်္ဂါ နှင့် ဗုဒ္ဓဟူး နေ့တိုင်းတွင် CM မှ တင်ဆက်သွားမှာဖြစ်ပြီး ဘာသာပြန်ပေးသူများကတော့ ThinZar Htet , Nway Htwe Aung , Hay Thar Oo တို့ပဲ ဖြစ်ပါတယ်