-
Movie Name
-
The Boss Baby Christmas Bonus (2022)
-
Year
-
2022
-
Generes
-
Animation, Family
-
Code
-
AN0528
-
Type
-
Movie
-
Size
-
675 MB
-
Country
-
Hollywood
-
Description
-
The Boss Baby: Christmas Bonus (2022)
=============================
IMDb Rating – 5.6/10
အသဲကျော် Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက်
ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီအပိုင်းရဲ့
အားရဖို့အကောင်းဆုံးကတော့ family business လို့ အမည်ခံပြီး
အလုပ်သမားအခွင့်အရေး ပိတ်ဆို့ခံထားရတာတွေကို သာသာနဲ့
နာနာလေး နှပ်ပြထားတာပါပဲ။ အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကား
တစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမို့ တိုက်ဆိုင်မှုရှိရင် ပြေး
သတိရကြဦးမယ့် ဇာတ်လမ်းမျိုးပါ။
% buffered
00:00
00:34
Download
Your browser does not support the video tag.
ဇာတ်လမ်းအကျဉ်း
…………………………
ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံး
ကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေး
ထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့
အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီး
Boss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိ
သွားခဲ့ပါတယ်။
အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ်
ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိ
သွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက်
တွေ စတင်လာတာပါပဲ။ ဒီတော့ ဆရာ့ဆရာကြီး Boss baby တို့ ဆန်တာ့
ဆီမှာ ဘယ်လိုတွေသွားဆရာကျဦးမလဲ တစ်ဖက်က Boss baby နေရာကို
ရောက်သွားတဲ့ နတ်သူငယ်ကရော ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာကို
Christmas theme လေးနဲ့အတူ မြင်တွေ့ရမဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။