Movie Name
2 Good 2 Be True (2022)
Year
2022
Generes
Comedy, Romance
Code
SPH0003
Type
Series
Size
31 GB
Country
Philippines
Description
အပိုင်း (၁ မှ ၁၃၀) ထိ စ/ဆုံး ကဲ ဒီတစ်ခါတော့ ကိုရီးယားလည်းမဟုတ် ဂျပန်လည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးမှာပါ… ဖိလစ်ပိုင်ကားလို့ပြောလိုက်တာနဲ့ လူတိုင်းက Kathrine နဲ့ Daniel တို့အတွဲကို ပြေးမြင်ကြဖို့များပါတယ်… ဖိလစ်ပိုင်တွေက တကယ့်အတွဲတွေကိုပဲ Chemistry ရှိရှိနဲ့ ရိုက်ကူးလေ့ရှိကြတာမလို့ KathNiel လို့ Nickname ရထားတဲ့ Real Life Couple ကို မြန်မာပရိသတ်တွေက စိမ်းနေမှာမဟုတ်ပါဘူး… “She’s Dating the Gangster”, “Crazy Beautiful You”, “Can’t Help Falling in Love”, “The Hows of Us”….အစရှိတဲ့ ဇာတ်ကားတွေက နှစ်ယောက်လုံးရဲ့ Chemistry မိ/မမိ ကို မြင်သာထင်သာရှိစေပါတယ်… သူတို့ရိုက်သမျှကားတိုင်းဟာ ဇာတ်လမ်းပြီးတိုင်း ရင်ထဲစွဲသွားစေတာရှိသလို ရိုရင်လည်း အားလုံးက ငေးမောအားကျနေရလောက်အောင်ပါပဲ.. အရမ်းကိုလည်း သဘာဝကျပြီး နှစ်ယောက်လုံးက ကျရာဇာတ်ရုပ်မှာ ပိုင်နိုင်တာမလို့… အခု “2 Good 2 Be True” ဆိုတဲ့ဇာတ်ကားလေးကိုလည်း အားလုံးသဘောကျကြမှာအသေအချာပါပဲ… KathNiel အတွဲရဲ့ ဒီတစ်ခေါက် Come back က Movie မဟုတ်ဘဲ Serie ဖြစ်တာကြောင့်မလို့ သူတို့အတွဲကို ချစ်တဲ့သူတွေတဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ် ကဲ…ဒီလောက်နဲ့တင် လုံလောက်ပြီမလို့ ဇာတ်လမ်းလေးကို သိပ်မညွှန်းတော့ပါဘူး… ဖုံးကွယ်ထားတဲ့ နောက်ကြောင်းရာဇဝင်ကိုယ်စီရှိကြတဲ့ စက်ပြင်သမားလေးနဲ့ သူနာပြုမလေးတို့ ဘယ်လိုဆုံတွေ့ပြီး ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို အရင်ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ပုံစံနဲ့ သရုပ်ဆောင်ချက်တွေမှာ လိုက်ပါစီးမျောကြည့်ကြရအောင်လားဗျ