Movie Name
Dragon Ball Super Super Hero (2022)
Year
2022
Generes
Action, Animation
Code
AN0529
Type
Movie
Size
1.20 GB
Country
Hollywood
Description
Dragon Ball Super: Super Hero (2022) IMDb Rating – 7.2/10 Metacritic – 65% Rotten Tomatoes- 93% ဒီကားက​​တော့ dragon ballကာတွန်းရုပ်ရှင်​တွေထဲမှာ ၂၁ကား​ မြောက်ဖြစ်သလို စီးရီးရဲ့canonလည်းဖြစ်ပါတယ်။ ပြီး​တော့ သူ့​ ရှေ့ကား dragon ball super : brolyနဲ့လည်းတိုက်ရိုက်ဆက်ပါ တယ်။ ဆို​တော့ ​ရှေ့ကားကိုလည်း canonလို့ ယူလို့ရမယ်ထင်တာပဲ။ Dragon ballရဲ့ဇာတ်​ကောင် Son Gokuဆိုတာလည်း နယ်နယ်ရရ မဟုတ်ပါဘူး။ တရုတ်ဂန္ဓဝင်ဝတ္ထုကြီးဖြစ်တဲ့ အ​နောက်အရပ်သို့ ခရီး သွားခြင်းထဲက စွန်းဝူခုန်းကိုပဲ ဂျပန်ကာတွန်းဗားရှင်းပါ။ 1980ဝန်း ကျင်မှာ Son Gokuဟာ တစ်ကမ္ဘာလုံး​ပေါက်ခဲ့တာမလို့ တရုတ်ကပါ သူတို့ရဲ့မူရင်းဇာတ်လမ်းကိုယူဆွဲတာ​တောင်​ပေါက်​နေရင် ငါတို့ကိုယ်တိုင် ရိုက်မယ်ကွာဆိုပြီး Journey to the westဇာတ်လမ်းတွဲကြီးကို ရိုက်ကူး ခဲ့ရာက​နေ ဂန္ဓဝင်ဇာတ်လမ်းတွဲကြီး​ပေါ်​ပေါက်လာခဲ့တာပါ။ ဟာ…အဲ့​လောက် နာမည်ကြီး​နေပြီး ဂျပန်ကာတွန်း ကြီးသုံးကြီး( naruto, bleach, onepiece) ထဲ ဘာလို့မပါလဲဆိုရင် အဲ့၃ခုက ၁၉၉၀​နောက်ပိုင်း ​နောက်​ပေါက်​တွေ ဖြစ်ပြီး Dragon ballက​တော့ ၁၉၈၀ဝန်းကျင် ဘိုး​အေကာတွန်းဖြစ်​နေလို့ ပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ —————————– စီးရီးမှာပါဖူးတဲ့ Red ရဲ့ Red Ribbon Armyကို ​မွေးစားသားဖြစ်သူ Magnentaက ပြန်တည်​​ထောင်ဖို့လုပ်​​နေရာမှာ androidစက်ရုပ်ကျွမ်း ကျင်သူပညာရှင် ​ဒေါက်တာ Geroရဲ့​မြေးဖြစ်သူ Dr.Hedoကို စည်းရုံး ပါ​တော့တယ်။ အဲ့ဒီ​နောက်မှာ​တော့ Hedoဟာ Gamma 1 and 2ကို တီထွင်ပြီး Piccoloကိုသိပ်ခိုင်းရာ Piccoloကြီးကိုနိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် Dragon ball fan​တွေသိကြတဲ့ ဇာတ်​ကောင်​တွေအားလုံး​တောင် မနည်းချခဲ့ရတဲ့ ​ဒေါက်တာGeroရဲ့Cellသတ္တဝါဆိုးကြီးကို အဆင့်မြှင့်တင် ထားတဲ့ Cell Maxကိုပါ ​ဒေါက်တာHedoကြီးက တီထွင်​နေပြန်ပါတယ်။ ဘယ်သူမှအနိုင်မယူနိုင်တဲ့ Cell Maxကို ဘယ်လို​တွေအနိုင်ယူကြမလဲ ဆိုတာကိုကိုယ်တိုင်ပဲဆက်ကြည့်ရှုကြပါ။