Movie Name
Another Miss Oh
Year
2016
Generes
Comedy, Romance
Code
SKR0353
Type
Series
Size
7.77 GB
Country
Korea
Description
ဒီတစ်ခါမှာတော့ အားလုံးအတွက် “ Another Miss Oh “ ( 2016 ) Korean Series လေးကို N1 Chanenl ကနေ တင်ဆက်ပေးလိုက်ပါတယ်နော် အဓိက သရုပ်ဆောင်တွေအနေနဲ့.. Shinhwa အဖွဲ့ရဲ့ Member ဝင်လည်းဖြစ် သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Eric Mum နဲ့ အတူ မင်းသမီးလေး Seo Hyun Jin တို့က တွဲဖက်ပါဝင်ထားပါတယ်.. “ Another Miss Oh “ ( Another Oh Hae Young ) Title လေးကထူးဆန်းမနေဘူးလား..? ဟုတ်ပါတယ်..တခြားဇာတ်လမ်းတွဲတွေနဲ့ကွဲပြားပြီး ရသမျိုးစုံပေးနိုင်တဲ့ ဇာတ်လမ်းတွဲလေးပါ.. “ Oh Hae Young လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ ချစ်သူနဲ့ လက်ထပ်ခါနီးမှာ မထင်မှတ်ပဲ ချစ်သူကောင်လေးရဲ့ လက်ထပ်ပွဲဖျက်ရအောင်ဆိုပြီးငြင်းဆိုခံလိုက်ခြင်းနဲ့အတူ Oh Hae Young ရဲ့အသည်းတွေမွမွကြေခဲ့ရပါတယ်.. ဒီလို သနားစရာ မိန်းမငယ်လေးရဲ့ ကံဆိုးမှုတွေဟာ ဒီလောက်နဲ့မပြီးဆုံးခဲ့ပါဘူး..သူမရဲ့ လုပ်ငန်းခွင်ထဲကို သူမ မမြင်ချင်ဆုံးပုဂ္ဂိုလ်တစ်ယောက်ထပ်မံရောက်ရှိလာပြန်ပါတယ်.. အဲ့ဒီသူကတော့ တခြားသူမဟုတ်ပါဘူး.. Oh Hae Young အထက်တန်းကျောင်းသူဘဝက သူမထက်အစစအရာရာမှာသာလွန်နေခဲ့ပြီး အာလုံးရဲ့အလေးပေးခံရသူလည်းဖြစ်တဲ့ မိန်းမလှလေး..နောက်ထပ် ..” Oh Hae Young “ ပါပဲ.. သူမ တို့နှစ်ယောက်ဟာ အတန်းထဲမှာ နာမည်ချင်းတူကြပေမဲ့ မိန်းမလှလေး Oh Hae Young က ရုပ်ဆိုးမလေး Oh Hae Young ထက်အစစအရာရာသာလွန်နေခဲ့တော့ ရုပ်ဆိုးမလေး Oh Hae Young ကအမြဲသိမ်ငယ်ခဲ့ရပြီး အခု လုပ်ငန်းခွင်ထဲထိပါ မိန်းမလှလေး Oh Hae Young ရောက်ရှိလာပြန်ပါပြီ.. ဒီလိုနဲ့ကံဆိုးမှုတွေ ဆက်တိုက်ကြုံနေတဲ့ ရုပ်ဆိုးမလေး Oh Hae Young ဟာ တနေ့မှာ အသံတည်းဖြတ်သူ ဒါရိုက်တာလေး Park Do Kyung နဲ့ ရုတ်တရက်ဆုံမိသွားပါတော့တယ်.. ထူးခြားတာ တစ်ခုက Park Do Kyung ဆိုတဲ့ကောင်လေးဟာလည်းတချိန်က လက်ထပ်ပွဲမှာချစ်သူကောင်မလေးပျောက်သွားခဲ့လို့ ဝမ်းနည်းစွာနဲ့ ကျန်ရစ်ခဲ့ရသူတစ်ယောက်ပါပဲ ဒီလိုမျိုး ချစ်သူကောင်လေး ကောင်မလေးတွေ ထားသွားတာခံရပြီးအထီးကျန်နေခဲ့တဲ့ ရုပ်ဆိုးမလေး Oh Hae Young နဲ့ Sound Director လေး Park Do Kyung တို့တွေ့ဆုံလာကြတဲ့အခါ..ဘယ်လိုမျိုးတွေဆက်ဖြစ်လာဦးမလဲဆိုတာကစိတ်ဝင်စားစရာပါ..နောက်ပြီး… အားလုံးကိုပိုပြီး ဆွဲဆောင်ထားမယ့် အကြောင်းအရာလေးတစ်ခုကတော့.. ရုပ်ဆိုးမလေး Oh Hae Young ဟာ မိသားစုနဲ့ခွဲပီး အိမ်သစ်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်.. မထင်မှတ်တာက အဲ့ဒီအိမ်လေးရဲ့ဘေးချင်းကပ်လျက်အခန်းဟာ Park Do Young ရဲ့အိမ်ဖြစ်နေတာပါပဲ.. အားလုံးအကြိုက် အ Ro ဆုံးဆိုတာတွေလာမှာမို့လို့ စောင်ကိုက်ဖို့ပြင်ထားကြပါ..😁😜 Ro လည်း Ro ရင်း အခွီတွေလည်းအများကြီးပါတာမို့လို့☺️ ရီစရာလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါ..☺️☺️ ဒါတွေတင်မကပဲ နောက်ပိုင်းမှာ ( ဘာလို့ Oh Hae Young နဲ့ Park Do Kyung တို့နှစ်ယောက်လုံးဟာချစ်သူထားသွားတာကိုခံခဲ့ရတာလဲ..? ခွဲခွာသွားတဲ့ချစ်သူတွေနဲ့ ပြန်တွေ့ကြတဲ့ အချိန်မှာရော Hae Young နဲ့ Do Kyung တို့ရဲ့အချစ်က တည်မြဲနိုင်ပါတော့မလား..? နောက်ထပ် မထင်ထားတာတွေထပ်ဖြစ်လာဦးမလား ? ) ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေလည်းပေးစွမ်းဦးမှာမို့ ရသစုံလွန်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့် အားလုံးကို မဖြစ်မနေစောင့်မျှော်ကြည့်ရှုပေးဖို့ တိုက်တွန်းချင်ပါတယ်.. အားလုံးကိုအကြိုက်တွေ့စေမယ်လို့အာမခံပါတယ်… အပိုင်းသစ်လေးတွေကို အမြဲတမ်းစောင့်မျှော်ကြည့်ဖို့အတွက် N1 Channel လေးကို အခုပဲ see First လုပ်ထားလိုက်ပါတော့😘😘😘