Movie Name
Collectors (2020)
Year
2020
Generes
Action
Code
KR0311
Type
Movie
Size
793 MB
Country
Korea
Description
တ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ… ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ်