-
Movie Name
-
Arthdal Chronicles
-
Year
-
2019
-
Generes
-
Action, Drama, Fantasy, Historical
-
Code
-
SKR0354
-
Type
-
Series
-
Size
-
12.8 GB
-
Country
-
Korea
-
Description
-
ကဲအားလုံးမျှော်တလင့်လင့်ဖြစ်နေကြတဲ့ oppa Song Joong-Kiနဲ့ unnie Kim Ji-Wonတို့ရဲ့ ခေတ်ဦးကဒီဇိုင်းလန်းလန်းတွေနဲ့ပုံဖော်ထားတဲ့ Arthdal Chronicles ဆိုတဲ့ကားလေး လာပါပြီနော်…. ကမ္ဘာ့ခေတ်ဦးအချိန်အခါတုန်းကတော့ လူသားတွေမှာ နိုင်ငံ တိုင်းပြည် ဘုရင်ဆိုတာတွေမရှိကြပါဘူး။ ဒီလိုနဲ့တဖြည်းဖြည်း မီး ဓားသွား လက်နက်နဲ့ ထွန်ယက်စိုက်ပျိုးနည်းတွေကိုသိလာတဲ့လူသားတွေဟာ လောကကြီးကိုစိုးမိုးဖို့ကြိုးစားကြပါတယ်။ Eunsun ဆိုတဲ့ကလေးလေးဟာ နိမိတ်ဆိုးနဲ့မွေးဖွားလာပြီး ကျိန်စာသင့်နေတယ်လို့ သတ်မှတ်ခံထားရတာကြောင့် ဒီကလေးရဲ့ရှင်သန်မှုအတွက် Arthdalမြို့သူမိခင်ဟာ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာပါ….. တာဂွန် ကတော့ Arthdal မြို့ကစစ်သူကြီးတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ်စဉ်ကတည်းက ထက်မြတ်သူတစ်ဦးဖြစ်ပြီး Arthdal မြို့ကို အောင်မြင်မှုတွေဆောင်ကြဉ်းပေးသူတစ်ဦးလဲဖြစ်ပါတယ်။ သူ့ရဲ့အိမ်မက်ကတော့ Arthdalရဲ့ ဘုရင်ဖြစ်လာဖို့ပါပဲ။ Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦးဖြစ်ပေမယ့် ခက်ခဲမှုတွေကိုကျော်လွှားရသူ Tan-Ya ကတော့ Eunsunရဲ့အချစ်ဦးဖြစ်ပြီး တာဂွန် ချစ်မြတ်နိုးတဲ့သူလဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့… ထူးခြားတဲ့ကံကြမ္မာဆန်းနဲ့မွေးဖွားလာတဲ့ Eunsun…. ရည်မှန်းချက်ကြီးတဲ့ Tagon Wahan မျိုးနွယ်စုရဲ့ ဆက်ခံသူ Tanya နဲ့ Asdal ရဲ့ပထမဆုံးဘုရင်မ Tae Al-ha တို့ကြားထဲက ရည်မှန်းချက်တွေ အခက်အခဲတွေဝိုင်းရံနေတဲ့ ပြိုင်ဆိုင်မှုတွေကြားထဲက အချစ် ကံကြမ္မာနဲ့ အားပြိုင်တိုက်ခိုက်မှုတွေကို တခြားDrama တွေနဲ့လုံးဝကွဲထွက်ပြီးမြင်ရမှာဖြစ်တဲ့အပြင် ပရိတ်သတ်အချစ်တော် နာမည်ကြီးမင်းသားနှစ်လက်ဖြစ်တဲ့ Song Joong-Ki နဲ့ Jang Dong-Gunတို့ရဲ့ ဒဏ္ဍာရီဆန်ဆန် အားပြိုင်မှုမြင်ကွင်းတွေကိုလဲ တွေ့ရမှာမို့ အပတ်စဉ် စနေ တနင်္ဂနွေနေ့ ညတိုင်း စောင့်ကြည့်ဖို့မမေ့သင့်တဲ့ drama ကောင်းလေးတစ်ခုအဖြစ် ညွှန်းဆိုလိုက်ပါတယ်နော်… Main cast အဖြစ် ပါဝင်ထားသူတွေကတော့ Eun- Sum အဖြစ် Song Joong-Ki Ta-Gon အဖြစ် Jang Dong-Gun Tan-Ya အဖြစ် Kim Ji-Won Tae Al-ha အဖြစ် Kim Ok-vin စတဲ့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား နာမည်ကြီးသရုပ်ဆောင်များပဲဖြစ်ပါတယ် ။ (အညွှန်းရေးသားထားသူကတော့ Lwinlwin Aung ဖြစ်ပါတယ်)