Movie Name
Thank You Doctor (နှလုံးလှဆရာဝန် ) (2022)
Year
2022
Generes
Drama, Romance
Code
SC0592
Type
Series
Size
9 GB
Country
China
Description
1-40 Completed ကိုယ်ကျိုးကို စွန့်လွှတ်ပြီး စွန့်စား အနစ်နာခံကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးတဲ့ သူတွေကတော့ ဆရာဝန်တွေပါ။ ဒီဇာတ်ကားလေးကတော့ ဂျူတီကုတ်အဖြူရောင်နဲ့ လိုက်ဖက်ညီစွာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး လူနာတိုင်းရဲ့ အသက်ကို မခွဲခြားဘဲ ကယ်တင်ပေးကြတဲ့ဆရာဝန်တွေရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ပြည်ပကနေ ပြန်ရောက်လာပြီး Tongshan ဆေးရုံ EICU ဌာနမှာ တာဝန်ကျတဲ့ စမတ်ကျကျ ထက်မြက်သူ ဆရာဝန်မလေး Xiao Yan(Yang Mi)။ သူမဟာ ချစ်ရသူ ဆုံးရှုးရတဲ့ဝေဒနာကို သိမ်းဆည်းထားရင်း ပတ်ဝန်းကျင်ကလူတွေနဲ့ တံတိုင်းခြားပြီး နေပေမဲ့ ခွဲစိတ်ခုံပေါ်မှာတော့ အပြစ်ဆိုစရာမရှိ တိကျသေသပ်မှုတွေကြောင့် အသိအမှတ်ပြုခံရသူတစ်ယောက်ပါ။ EICU ဌာနမှာ အထက်စီးဆန်ဆန်နေတတ်တဲ့ သမားတော် Bai Shu(Bai Yu) နဲ့ တွေ့ဆုံတဲ့အချိန် သူတိုနှစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ ဒါပေမဲ့ လူနာတွေရဲ့အသက်ကို ရှေ့တန်းတင် ကယ်တင်ပေးတဲ့ ခံယူချက်တူညီနေတဲ့အခါ အတူတာဝန်ထမ်းဆောင်ရင်း တစ်စတစ်စ နီးကပ်လာတဲ့အခါမှာတော့… တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ရင်း နှစ်ယောက်ကြားက တံတိုင်းဟာ တဖြည်းဖြည်း ကွယ်ပျောက်သွားမှာလား? ဆရာဝန်တွေရဲ့ ကိုယ်ကျိုးစွန့်ပြီး အားမာန်အပြည့်ကြိုးပမ်းမှု, ခံယူချက်တွေ၊ လူနာတစ်ယောက်ချင်းစီနဲ့လှပတဲ့ဇာတ်လမ်းတွေကို ကြည့်ရှုရမှာမို CM ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်