Movie Name
မိုးစက်ကြားကချစ်ခွန်းသံ (Voice In The Rain)
Year
2022
Generes
Drama, Romance
Code
ST0669
Type
Series
Size
5.24 GB
Country
Thai
Description
1-16 Completed Casts: ရာအင် အဖြစ် - Linn Mashannoad တန်ထိုင် အဖြစ် - Na Naphat Vikairungroj ဇာတ်လမ်းအကျဥ်း... " ရာအင် " ဆိုတာကတော့ Ranrin အမှတ်တံဆိပ်နဲ့ ကြိုးစားနေတဲ့ တက်သစ်စ ဒီဇိုင်နာတစ်ဦးပဲဖြစ်ပါတယ်။ ရာအင် မှာ ထူးခြားတဲ့အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ အစွမ်းကတော့ မိုးရွာတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ရဲ့ အသံကိုကြားနေရတာပဲ ဖြစ်ပါတယ်။ အဲဒီအသံနဲ့ပဲ ရာအင် တစ်ယောက်ဟာ အလုပ်အတွက် အတွေးအခေါ်သစ်တွေ အကြံဉာဏ်တွေရခဲ့ပြီး ကိုယ်တိုင်တောင်မသိဘဲ တွယ်တာလာမိခဲ့ပါတယ်။ အဲဒီ အသံပိုင်ရှင်ကတော့ " တန်ထိုင်" ဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်။ " တန်ထိုင် " ကတော့ တက်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တန်ထိုင်မှာလည်း ရာအင်နည်းတူ အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မိုးရွာတဲ့အချိန်တွေမှာ ရာအင်ရဲ့ အသံကိုကြားရတာပဲဖြစ်ပါတယ်။ တန်ထိုင် နဲ့ ရာအင်တို့ဟာ တစ်ယောက်အသံကို တစ်ယောက်ကြားနေရတယ်ဆိုတာ မသိခဲ့ကြပါဘူး။ သံယောဇဥ်ကြိုးတွေရစ်ပတ်ပြီးတဲ့နောက်မှာ တတိယလူပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်မလဲ။ မိုးရေတွေနဲ့ စခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဟာ မျက်ရည်တွေနဲ့ အဆုံးသတ်သွားရမှာလား အချစ်မိုးတွေ ရွာသွန်းရင်း အဆုံးသတ်သွားမှာလားဆိုတာ ကြည့်ရှုကြရမယ့် အချစ်ဒရမ်မာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။