-
Movie Name
-
The Kinnaree Conspiracy (ကိန္နရီအရှုပ်တော်ပုံ) (2022)
-
Year
-
2022
-
Generes
-
Historical, Romance
-
Code
-
ST0671
-
Type
-
Series
-
Size
-
12.4 GB
-
Country
-
Thai
-
Description
-
1-16 Completed
လုန်အင်း အဖြစ် Nadech Kugimiya
ဖွတ်စွမ်းန် အဖြစ် Yaya urassaya
ရိုဘတ် အဖြစ် New Chaiyapol
ဇာတ်လမ်းအကျဉ်း
နရိုင်မင်းတရားကြီးလက်ထက် အယုဒ္ဓယပြည်ကြီးဟာ သာယာဝပြောခဲ့သလို အနောက်တိုင်းသားတွေနဲ့ ကုန်ကူးသန်းရောင်းဝယ်မှုတွေရှိနေပြီး နေရာတိုင်းဟာ နိုင်ငံခြားသား ကုန်သည်၊သံတမန်၊စစ်ရေးအရာရှိတွေနဲ့ ပြည့်နေပါတယ်
မယ့်ယင်းဖွတ်စွမ်းန်က ဆုံးပါးသွားပြီဖြစ်တဲ့ နာမည်ကြီးသမားတော်တစ်ဦးရဲ့သမီးဖြစ်ပြီး ဖခင်ဖြစ်သူဆီက ဆေးပညာဗဟုသုတတွေကိုရယူကာ အစ်ကိုဖြစ်သူနောက်ကွယ်ကနေ ကုသပေးနေသူဖြစ်ပါတယ်
လုန်အင်းထရာဖတ်ခ်ဒီကတော့ မြို့သူမြို့သားတွေရဲ့ ဘေးကင်းလုံခြုံမှုကိုတာဝန်ယူရတဲ့ တပ်ရင်းမှူးတစ်ယောက်ပါ
ရိုဘတ်ကတော့ နရိုင်မင်းတရားကြီး ပြင်သစ်ဘုရင်ဆီကခေါ်ယူထားတဲ့ ပြင်သစ်သံတမန်အရာရှိနဲ့ရင်းနှီးသူ အရာရှိတစ်ယောက်ပဲဖြစ်ပါတယ်
တစ်ရက် ရေနစ်သေသူအလောင်းပေါ်လာခဲ့ပြီး သေသူက ပြင်သစ်အရာရှိတစ်ဦးဖြစ်နေတဲ့အခါ
အရာရှိက ရေနစ်သေဆုံးသွားရုံမဟုတ်တဲ့အပြင် နန်းတွင်းထဲကမိန်းမပျိုတွေသာဝတ်တဲ့ ကိန္နရီဝတ်စုံကိုပါဝတ်ထားခဲ့တဲ့အခါ…
ပြင်သစ်နဲ့အယုဒ္ဓယ နှစ်နိုင်ငံကြား ပဋိပက္ခတွေဖြစ်လာရပြီး ပြင်သစ်ဘက်က အကြောင်းပြကာ နိုင်ငံသိမ်းဖို့ ကြံလာပါတော့တယ်
လုန်အင်း ၊ဖွတ်စွမ်းန်နဲ့ရိုဘယ်တို့က ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင် အမှုမှန်ကို စုံစမ်းစစ်ဆေးပါတော့တယ်
လုန်အင်းနဲ့ရိုဘယ်တို့ ဖွတ်စွမ်းန်အပေါ် ခံစားချက်တွေရှိလာတဲ့အခါ ဖွတ်စွမ်းန်တစ်ယောက် ဘယ်သူ့ကိုရွေးမလဲ
ကိန္နရီအဆင်နောက်ကွယ်က လူသတ်သမားရောဖမ်းဆီးနိုင်ပါ့မလားဆိုတာ “ကိန္နရီဆင်နောက်ကွယ်က အမှန်တရား”ဇာတ်လမ်းတွဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ် ။