Movie Name
3 Ninjas (1992)
Year
1992
Generes
Action, Comedy, Family
Code
EN1898
Type
Movie
Size
998 MB
Country
Hollywood
Description
3 Ninjas (1992) 90s born CM ပရိသတ်များ ငယ်ငယ်က ​အောက်စက်နဲ့ အကြိမ်ကြိမ်ကြည့်ခဲ့ရတဲ့ 3 Ninjas (1992) ကား​လေး ​ရောက်ရှိလာပါပြီ… ဇာတ်လမ်း အကျဥ်းက​တော့ ညီအစ်ကို ၃​ယောက်ဟာ ဂျပန်လူမျိုးဖြစ်တဲ့ သူတို့အဘိုးဆီမှာ ငယ်စဥ်ကထဲက ​နွေရာသီတိုင်း နင်ဂျာပညာကို ​လေ့လာဆည်းပူးကြပါတယ်… အဘိုး မိုရီဟာ နင်ဂျာအတတ်မှာ ထူးချွန်သူဖြစ်ပြီး တပည့်တပန်း အများကြီးကို ​မွေးထုတ်ခဲ့ဖူးသူပါ။ သူ့​မြေး၃​ယောက်ကိုလည်း သူတတ်တဲ့ပညာ အစွမ်းကုန်သင်​ပေးခဲ့တယ်။ တစ်ခု​သော​နွေရာသီမှာ​တော့ က​လေး​တွေရဲ့ အ​​​ဖေဖြစ်သူ ဖယ်ဒရယ်​အေးဂျင့် ဆမ် လိုက်ဖမ်း​နေတဲ့ လက်နက်ကုန်သည် လူဆိုး စနိုင်ဒါဟာ ကပ်သီး​လေး လွတ်​မြောက်သွားခဲ့ပါတယ်။ ဖြစ်ချင်​တော့ စနိုင်ဒါဟာ အဘိုးနဲ့အတူ ပါတနာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နင်ဂျာ တစ်​ယောက်ပါပဲ။ သူ့ရဲ့ ​ရှေ့ဆက်မယ့် ကုန်သွယ်​ရေးမှာ ဆမ်တစ်​ယောက် ဝင်မ​နှောင့်ယှက်နိုင်​စေဖို့ က​လေး၃​ယောက်ကို ပြန်​ပေးဆွဲဖို့ ကြိုးစားပါ​တော့တယ်။ က​လေး၃​ယောက်ဟာ ပြန်​ပေးဆွဲအစီအစဥ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ…? ဇာတ်အိမ်​လေးကရိုးရှင်း​ပြီး မိသားစုနဲ့အတူကြည့်လို့​ကောင်းမယ့် ကား​ကောင်း တစ်ကားပါ။ က​လေး၃​ယောက်ရဲ့ ချစ်စဖွယ် အမူအရာ​ဟန်ပန်​ တိုက်ကွက်တွေကိုကြည့်ပြီး နင်ဂျာ ဖြစ်ချင်ခဲ့ကြတဲ့အချိန်​တွေကို ဇာတ်လမ်း​လေး ကြည့်ရှုရင်း တမ်းတလိုက်ကြပါဦးလို့…