-
Movie Name
-
At Eighteen
-
Year
-
2020
-
Generes
-
Drama, Romance
-
Code
-
SKR0356
-
Type
-
Series
-
Size
-
7.23 GB
-
Country
-
Korea
-
Description
-
၁၈ နှစ်အရွယ် လူငယ်တွေရဲ့ အတွေ့အကြုံ စိတ်ခံစားမှု၊ ခံစားချက်တွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် ကောင်လေး Choi Joon Woo ဟာ ချစ်စရာကောင်းပြီး အထီးကျန်နေတတ်သူပါ။ ဒါပေမယ့်လည်း Joon Woo ဟာ သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြီး ပြလေ့မရှိပါဘူး။ ဒီလိုနဲ့ Joon Woo တစ်ယောက် ကျောင်းအသစ်ကိုပြောင်းလာတဲ့အခါမှာ Yoo Soo Bin ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ် Soo Bin ကတော့ ကျောင်းရဲ့ အတော်ဆုံး ကျောင်းသူလေးပါ။ Soo Bin ရဲ့ အိပ်မက်လေးကတော့ လွတ်လပ်မှုရှိတဲ့ဘဝလေးကို ပိုင်ဆိုင်ချင်တာပါ။ ဒါပေမယ့်လည်း Soo Bin လေးရဲ့ဘဝကတော့ သူ့အမေရဲ့ ထိန်းချုပ်မှု ချုပ်ချယ်မှုတွေအောက်မှာ နေထိုင်နေရပါတယ်။ Soo Bin တစ်ယောက် Joon Woo နဲ့ တွေ့ဆုံပြီးတဲ့အခါမှာတော့ သူမရဲ့ ဘဝမှာ အနည်းငယ်ပြောင်းလဲမှုလေးတွေရှိလာပါတော့တယ်။ Ma Whi Young ဆိုတဲ့ကောင်လေးကတော့ ကြင်နာတတ်ပြီး perfect ဖြစ်တဲ့ကောင်လေးပေါ့။ ဒါပေမယ့် သူဟာ စိတ်အားငယ်တတ် ကြောက်တတ် ရှက်တတ်ပြီး သူ့ကိုယ်သူတော့ သန်မာတဲ့လူတစ်ယောက်အဖြစ်ဖုံးကွယ်ပြီး နေတတ်သူပါ။ သူတို့ကျောင်းကို Joon Woo ရောက်လာတဲ့အခါမှာတော့ Whi Young ဘဝလည်း ပြောင်းလဲလာခဲ့ပါတော့တယ်။ ဒါဆိုရင်တော့ Joon Woo ကျောင်းပြောင်းလာပြီးနောက် Soo Bin နဲ့ Whi Young တို့ဘဝမှာ ဘာတွေပြောင်းလဲလာခဲ့လဲ သူတို့လိုချင်တဲ့ လွတ်လပ်မှု၊ ဘဝ ရည်မှန်းချက် တွေ အကောင်အထည်ပေါ်လာမလားဆိုတာတော့ JTBC ကနေ အပါတ်စဉ် တနင်္လာ / အင်္ဂါ မှာထုတ်လွှင့်ပြသသွားမယ့် ‘At Eighteen ‘ ဆိုတဲ့ drama လေးမှာ စောင့်မျှော် ကြည့်ရှုကြပါလို့ ?