Movie Name
A Pledge To God
Year
2018
Generes
Drama
Code
SKR0357
Type
Series
Size
7.08 GB
Country
Korea
Description
A Pledge to God မြန်မာစာတန်းထိုး အခုတစ်ခါ တင်ဆက်ပေးမယ့် စီးရီးလေးကတော့ MBC network က ထုတ်လွှင့်ပြီး Han Chae Young, Bae Soo Bin, Oh Yoon Ah နဲ့ Lee Chun Hee တို့ အဓိကပါဝင် သရုပ်ဆောင်ထားကြတဲ့ A Pledge to God မိသားစုဒရာမာစီးရီး ဖြစ်ပါတယ်။ အောင်မြင်တဲ့ announcer တစ်ယောက်ဖြစ်သူ Ji Young ဟာ ဗိသုကာပညာရှင် Jae Wook နဲ့ လက်ထပ်ပြီး လိုလေသေးမရှိ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ Ji Young ရဲ့ ပြီးပြည့်စုံတဲ့ဘဝထဲကို သတင်းဆိုးတစ်ခု ဝင်လာခဲ့တဲ့အချိန်မှာတော့ သူမျှော်လင့်ခဲ့သမျှ အိပ်မက်တွေအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ အဲဒီ့သတင်းဆိုးကတော့ သူ့သူငယ်ချင်း Na Kyung နဲ့ ခင်ပွန်းသည် Jae Wook တို့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ကံဆိုးတာက Jae Wook ရဲ့ နောက်မီးလင်းမှုအကြောင်း သိလိုက်ရတဲ့အချိန်မှာ Ji Young ရော Na Kyung ပါ ကိုယ်ဝန်ရှိနေကြပါပြီ။ Jae Wook က သူ့ကိုခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပေမယ့် Ji Young ဘက်က ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုခဲ့ပြီး သုံးပွင့်ဆိုင်ဇာတ်ရှုပ်ကြီးကို တစ်ခန်းရပ်ခဲ့ပါတယ်။ ရေစက်ကုန်သွားပြီလို့ မှတ်ထင်ခဲ့ကြတဲ့ သူတို့ ၃ယောက်ဟာ နောက် ၆နှစ်အကြာမှာ ပြန်ဆုံတွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Ji Young က နောက်အိမ်ထောင်ပြုပြီး Jae Wook နဲ့ရတဲ့ သားလေး Hyun Woo နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ပေမယ့် Hyun Woo မှာ သွေးကင်ဆာရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ ကလေးအသက်ကယ်နိုင်ဖို့ Jae Wook ဆီ မဖြစ်မနေ ပြန်ဆက်သွယ်ရတော့တာပါပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ ရိုးတွင်းချင်ဆီက ကလေးနဲ့မကိုက်ညီတဲ့အတွက် ချင်ဆီအစားထိုးနိုင်အောင် နောက်ကလေးတစ်ယောက် ထပ်ယူမှရတော့မယ်လို့ ဆရာဝန်ကပြောလာတဲ့အခါ ကိုယ့်ရင်သွေးနဲ့ ကျင့်ဝတ်သိက္ခာ ဘယ်ဟာကအရေးကြီးသလဲ တစ်ကျော့ပြန်ရောက်လာဦးမယ့် အတိတ်ကနေ့ရက်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ မိသားစု ၂စုလုံးရဲ့ ရှေ့ရေးကံကြမ္မာ ဘယ်လိုဘယ်ပုံ ဖြစ်လာလိမ့်ဦးမလဲဆိုတာ အပတ်စဉ် စောင့်မျှော်ကြည့်ရှု အားပေးနိုင်ကြပါပြီ