Movie Name
Goodbye, My Love (2022)
Year
2022
Generes
Drama
Code
SC0597
Type
Series
Size
2.62 GB
Country
China
Description
1-12 Completed ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုလား ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ လှည့်စားမှုတစ်ခုလား?” ❐ အကြီးတန်း အဆင့်မြင့် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး လှပတဲ့ကမ်းခြေ မြိုလေး တစ်မြိုမှာ ဘဝကို အေးချမ်းစွာဖြတ်သန်းနေထိုင်သူ – ကျန်းရိ / ခင်ပွန်းဖြစ်သူ ကျန်းရှင်းဟာလဲ မိသားစုကို လုံလုံလောက်လောက်ထောက်ပံ့နိုင်ဖိုအတွက် သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအသစ်တစ်ခုကို စတင်ခဲ့ပါတယ် ကျန်းရိဟာ ခင်ပွန်းဖြစ်သူကို ထောက်ပံ့ဖို အိမ်အသစ်ကိုလဲ ပေါင်နှံခဲ့ရပါတယ် အဲ့ဒီနောက်မှာတော့ ကျန်းရိ ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အခက်အခဲ ပိတ်ဆိုမှူတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ် အလားတူ ကျန်းရှင်းဟာလဲ ရှယ်ယာရှင်တွေရဲ့ လှည့်စားမှုကို ခံစားရပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူ ကျန်းရိ ရဲ့ ကြိုးစားအားထုတ်မှုတွေကို အံ့သြမှင်သတ်သွားခဲ့ရပါတယ် ကျန်းရိဟာ သူ့ရဲ့ ပြဿနာတွေ အားလုံးရှင်းလင်းသွားခဲ့ပြီလို ထင်လိုက်တဲ့အချိန်မှာတော့ ကံကြမ္မာဟာ သူ့အပေါ်ကို မျက်နှာသာမပေးခဲ့ပြန်ပါဘူး ကျန်းရိရဲ့ သူငယ်ချင်းအသစ်ဖြစ်သူ ယန်ရန့် ဟာ သူမရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးဖို တမင်ချဥ်းကပ်လာခဲ့ပြန်ပါတော့တယ် ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို ဖောက်ပြန်နေတဲ့အကြောင်းတွေ့ရှိလိုက်ရချိန်မှာတော့ စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်ပြီး ပြိုလဲသွားရှာပါ တော့တယ် ဒါပေမဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အားပေးမှုတွေကြောင့် တစ်ဖန်ပြန်လည် သန်မာလာခဲ့ပါတယ် ဒီတော့ အိမ်ထောင်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကျန်းရိဟာ – ❐ သူ့ရဲ့ ပြဿနာတွေကို ဘယ်လိုပြန်လည်ဆန်းစစ်မလဲ ? ❐ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုရော ဘယ်လိုရင်ဆိုင်မှာလဲ ? ❐ ကိုယ်ပိုင် မိသားစုလေးနဲ့ ရိုးရိုးရှင်းရှင်း ပျော်ပျော်ရွှင်ရွှင်နေချင်တဲ့ သူမရဲ့ ဆန္ဒလေးကရော ပြီးပြည့်စုံနိုင်ပါ့မလား ? ဆိုတာ အဖြေရှာ ဆန်းစစ်ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် “ ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖိုဆိုတာ ကိုယ်တစ်ယောက်ထဲနဲ့တင် ကြိုးစားလိုမရပဲ နှစ်ဦးနှစ်ဖက်စလုံး ကြိုးစားမှရမယ်” ဆိုတာ ပြသထားတဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်ကားတစ်ကားပဲဖြစ်လို အခုပဲကြည့်ရှုလိုက်ရအောင်ပါနော်