Movie Name
Intense Love (နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီ) (2020)
Year
2020
Generes
Comedy, Romance
Code
SC0189
Type
Series
Size
13.2 GB
Country
China
Description
Intense Love (2020) နက်နက်ရှိုင်းရှိုင်းချစ်မိသွားပြီ TYMMtv Chinese Fans များအတွက် May 2 ကထွက်ရှိတဲ့ ဒေါက်တာလေးနဲ့ နာမည်ကြီးမင်းသမီးရဲ့အချစ်ဇာတ်လမ်း Romace Comedy ကားလေးတင်ဆက်ပေးပါမယ် စူးကျင်းပေ ချောမောလှပတဲ့ နာမည်ကျော်မင်းသမီး ကောလဟာလပေါင်းများစွာ ထွက်ပေါ်နေပေမယ့် အမှန်တော့ သာမန်မိန်းကလေးဖြစ်ပြီး စိတ်ကောင်းရှိကာ တဖက်သားကို အမြဲစေတနာထားသူ ကျိုးရှစ်ယွင့် ကျိုးမိသားစုရဲ့ဒုတိယသူဌေးသားလေး မိသားစုရဲ့စီးပွားရေးအမွေဆက်ခံဖို့ကို စိတ်မဝင်စားဘဲ ဆေးပညာသင်ယူခဲ့ကာ ဆရာဝန်အလုပ်ကိုရွေးချယ်သူ ဆေးရုံမှာ တော်သူအဖြစ် နာမည်ကြီးကာ သူနာပြုလေးတွေ ဝိုင်းဝိုင်းလည်နေပေမယ့် အေးတိအေးစက်နေတတ်တဲ့ ရေခဲတုံးကြီး သူတို့မိဘတွေက ငယ်ငယ်ကတည်းက လက်ထပ်ဖို့ သဘောတူစီစဉ်ထားခဲ့ပါတယ် အစကတော့ နှစ်ယောက်လုံး လက်ထပ်ဖို့ငြင်းဆိုခဲ့ပေမယ့် ကံကြမ္မာသတ်မှတ်ထားတဲ့ လက်တွဲဖော်ဖြစ်နေတဲ့အခါ... စူးကျင်းပေဟာ ရေခဲတောင် ကျိုးရှစ်ယွင့်ကို ကြိုက်လာအောင် ဘယ်လို မိန်းမတို့မာယာတွေအမျိုးမျိုးနဲ့ ကြိုက်လာအောင်မြူဆွယ်မလဲ တကယ်ချစ်ကြိုက်မိသွားကြမလား အနုပညာရှင်နဲ့ သာမန်လူရဲ့အချစ်ဟာ အမြဲတမ်း အခက်ခဲအတိုက်ခိုက်တွေရှိကြပါတယ် သူတို့အတူရင်ဆိုင်ပြီး လက်တွဲသွားနိုင်ပါ့မလား စူးကျင်းပေအဖြစ် My Little Princess, Dear Prince, I Can't Hug You ထဲက မင်းသမီးချောလေး (Zhang Yu Xi) ကျိုးရှစ်ယွင့်အဖြစ် Just an encore ထဲက မင်းသား (Ding Yu Xi) အပိုင်း(၂၄) ပိုင်း ပါရှိမှာဖြစ်ပြီး engsub မထွက်သေးဘဲ chinese ကနေ တိုက်ရိုက်ပြန်ဆိုပေးသွားပါမယ်