Movie Name
Act Of Valor (2012)
Year
2012
Generes
Action, War
Code
EN1923
Type
Movie
Size
1 GB
Country
Hollywood
Description
ကော်စတာရီကာရဲ့ဟိုတယ်တစ်ခုမှာCIA အေးဂျင့်၂ယောက်တည်းခိုနေတယ်… ဒီသတင်းကိုဘယ်ကဘယ်လိုရတယ်မသိ..အကြမ်းဖက်သမားများရောက်ရှိလာပြီးအမျိုးသားအေးဂျင့်ကိုတော့နဖူးကိုကျည်တစ်တောင့်ပစ်ကျွေးပြီးအမျိုးသမီးအေးဂျင့်ဖြစ်သူကိုတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်…. ဒီနောက်မှာတော့အမျိုးသမီးအေးဂျင့်ကိုပြန်လည်ခေါ်ယူဖို့ မရိန်းစစ်သားတွေကိုအမေရိကန်တို့စုစည်းခဲ့တယ်… အေးဂျင့်အမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်သူဟာ တကယ့်ထိပ်သီးဒုစရိုက်ခေါင်းဆောင်ဖြစ်နေတဲ့အပြင် ခေတ်မှီလက်နက်ကြေးစားလက်နက်ကိုင်စစ်သည်တို့အပြည့်နဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်… ဒီအမှုမှာမူးယစ်ရာဇာတွေအကြမ်းဖက်သမားတွေနဲ့တကယ့်ကိုကြောက်စရာအရှုတ်အထွေးကြီးပါပဲ… ဒါပေမယ့် ကယ်ထုတ်တဲ့စစ်ဆင်ရေးဟာ ထင်သလောက် မလွယ်ကူတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဟာ အမေရိကန်နိုင်ငံအတွက် စက်တင်ဘာ-၁၁ရက် အရေးအခင်း ထက်ပိုဆိုးတာတွေ ကြုံလာနိုင်ကြောင်း သိရှိလာရတဲ့အခါမှာတော့…..။ ကိုင်းမရိန်းတပ်သားတွေဘယ်လိုအစီအစဉ်တွေဆွဲကြလဲ….သူတို့အကုန်လုံးအသက်ပျောက်သွားနိုင်လား… အောင်မြင်ကြပါ့မလား…CIA အေးဂျင့်အမျိုးသမီးကိုရောကယ်တင်နိုင်ပါ့မလား…. ထင်ထားတာထက်တိုက်ပွဲတွေကြမ်းနေမလား… ခံစားကြည့်လိုက်ပါဦးဗျို့… စစ်ကားကြိုက်သူတို့အဖို့နင်းကန်ကြည့်သင့်ပါကြောင်း…