-
Movie Name
-
42 Segundos (2022)
-
Year
-
2022
-
Generes
-
Biography, Drama
-
Code
-
EN1929
-
Type
-
Movie
-
Size
-
888 MB
-
Country
-
Hollywood
-
Description
-
IMDb rating – 6.7/10 ~
သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။
သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။
ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ စပိန်ဝါတာပိုလိုလက်ရွေးစင်အသင်းရဲ့ အခက်အခဲတွေ၊ အရှုပ်အထွေးတွေကို ဇာတ်ကွက်ကောင်းကောင်းနဲ့ ရှုစားရမှာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကိုလည်း ရိုက်ကူးထားတာဖြစ်တဲ့အပြင် နာမည်ကြီးစပိန်စီးရီးတစ်ခုဖြစ်တဲ့ Money Heist က ဒန်ဗာ့နေရာမှာသရုပ်ဆောင်တဲ့ နာမည်ကြီး စပိန်သရုပ်ဆောင် Jaime Lorente López ပါပါတဲ့ ရုပ်ရှင်လေးဖြစ်တာကြောင့် 42 segundos ရုပ်ရှင်ကားလေးကို ရှု့စားအားပေးလှည့်ပါဦးခင်ဗျာ