Movie Name
First Love (သိုဝှက်သိမ်းဆည်း၍ မရနိုင်သော) (2022)
Year
2022
Generes
Comedy, Drama, Romance
Code
SC0602
Type
Series
Size
5.37 GB
Country
China
Description
1-24 Completed အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီး ဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊ အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီး ရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေ အများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့ Delicacies Destiny မင်းသားချော Wang Xingyue က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့် စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာ ထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီး လုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန် အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း… ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက် မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေ ဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။ အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာ အခုပဲကြည့်ရှုလိုက်ပါဦးနော်။