Movie Name
Catch Me Baby (အချစ်စိန်ပြေးတမ်း) (2022)
Year
2022
Generes
Drama, Romance
Code
ST0676
Type
Series
Size
3.20 GB
Country
Thai
Description
1-12 Completed အချစ်စိန်ပြေးတမ်း” Catch Me Baby (2022) သူ့ရဲ့စားဝတ်နေရေးအတွက် Relationship Juggler လို့ခေါ်တဲ့ အိမ်ထောင်ရေးအကျိုးဆောင်အလုပ်ကို လုပ်နေတဲ့ Phat ဟာ အသွင်ပြောင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး ဘယ်သူကမှ သူ့ကိုမဖမ်းမိနိုင်လောက်အောင်တော်တဲ့ ဉာဏ်ကြီးရှင်ပါ “အိမ်ထောင်ရေးအကျိုးဆောင်” ဆိုတဲ့ အလုပ်ကတော့ ‌ နောက်မီးလင်းချင်တဲ့သူတွေ လင်းနေတဲ့သူတွေကို သူတို့ရဲ့ဆိုင်ရာပိုင်ရာတွေ မသိရှိရအောင် လိုက်လံကူညီပြီး စီစဉ်ပေးရတဲ့အလုပ်မျိုးပါပဲ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် Phat ကတော့ ဒီအလုပ်ကို လက်လွှတ်လိုက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူး တစ်ဖက်မှာလည်း Cher က အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို လိုက်လံစုံစမ်းအရေးယူနေတဲ့ စုံထောက်တစ်ယောက် ဖြစ်နေပါတယ် ဒီလိုနဲ့ အလုပ်အကိုင်ကအစ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့ Phat နဲ့ Cher တို့နှစ်ယောက်ကို ကံကြမ္မာက တွေ့ဆုံခွင့်ပေးလိုက်တဲ့အခါမှာတော့… Phat ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး Cher တစ်ယောက် ဘယ်လိုတွေလိုက်လံဖော်ထုတ်သွားမလဲ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေကြားမှာ ကျင်လည်လာတဲ့ ဒီနှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုများဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ NetJames တို့နှစ်ယောက်ကိုလည်း ဒီဇာတ်ကားလေးထဲမှာ BL Couples အနေနဲ့ Support Role မှာ ရှုစားကြရမှာဖြစ်လို့ BL ပရိသတ်ကြီးတို့လည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ