Movie Name
Goo Pil Soo Is Not There (2022)
Year
2022
Generes
Comedy, Drama
Code
SKR0762
Type
Series
Size
9.89 GB
Country
Korea
Description
1-16 Completed ဘဝမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ… ဘယ်အရာတွေကပဲ တားဆီးနေပါစေ… “သူများကို ခေါင်းငုံ့စရာမလိုဘူး”… “တက်နင်းတာ ခံစရာမလိုဘူး”… “နောက်ပြန်လှည့်စရာမလိုဘူး”… “အရှုံးပေးစရာမလိုဘူး”ဆိုတဲ့ အဓိပ္ပာယ်ကို အသက် ၄၀ အရွယ်အမျိုးသား Goo Pil-Soo (မင်းသားကြီးKwak Do-Won) တို့မိသားစုနဲ့ အသက်နှစ်ဆယ်အရွယ် Jung Seok (Yoon Doo-Joon) တို့နှစ်ယောက်အပေါ်အခြေခံပြီး ဖော်ပြထားပါတယ်။ Goo Pil Soo မှာ ငယ်ရွယ်စဉ်တုန်းက အရာရာတိုင်းအောင်မြင်ခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာပြီး မိန်းမနဲ့ သားလေးတစ်ယောက်ရလာတော့ အကြွေးကိစ္စ ၊ အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်လာခဲ့တယ် ကြက်ကြော်နဲ့ဘီယာဆိုင်လေးဖွင့်ထားပြီး ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝမှာ ခက်ခက်ခဲခဲနေရတယ် ကိုယ့်ရဲ့သားလေးကိုလည်း သူများတွေနဲ့တန်းတူဖြစ်စေချင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အမြဲစိတ်ညစ်နေရတယ် အဲဒါကြောင့် သူ့မိန်းမနဲ့ သူ့သားလေးအတွက် ပိုကောင်းမွန်တဲ့ဘဝလေးရလာဖို့ အမြဲကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့ Jung Seok ကတော့ အရမ်းထက်မြက်ပေမဲ့ ဆင်းရတဲ့မိသားစုကနေပဲ ဆင်းသက်လာခဲ့တယ် မိဘတွေရဲ့အကြွေးတွေကိုဆပ်ဖို့ သူ့ရဲ့ဦးနှောက်ကို အသုံးချပြီး ဝါသနာပါတဲ့ Start-Up ဖန်တီးသူဖြစ်လာခဲ့တယ် ကိုယ်ဖန်တီးထားတဲ့ နည်းပညာတွေနဲ့ အောင်မြင်လာအောင် ကြိုးစားမယ့် လူငယ်လေးတစ်ယောက်ပါ။ သူတို့နှစ်ယောက်နဲ့ဆက်စပ်နေတဲ့ ချေးငွေပြဿနာတွေ၊ပညာရေးပြဿနာတွေ၊ဝန်ထမ်းပြဿနာတွေ၊ start-up ရဲ့ပြဿနာတွေနဲ့ လူတန်းစားခွဲခြားမှုတွေကို လက်တွေ့ကျကျဖော်ကြူးပြသထားတဲ့အပြင်… ဟာသလေးနှောပြီး တစ်ငိုငိုတစ်ရယ်ရယ် နွေးနွေးထွေးထွေးကြည့်ရမယ့်ကားကောင်းလေးပါ။ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာလေးကြည့်ချင်တဲ့သူတွေအတွက် ဒီဇာတ်လမ်းတွဲလေးကို recommend ပေးလိုက်ပါတယ်။