Movie Name
Honeymoon (2022)
Year
2022
Generes
Comedy, Drama
Code
IND0576
Type
Movie
Size
1.19 GB
Country
Bollywood
Description
Honeymoon (2022) Comedy, Drama IMDb 6.2/10 ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော် စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။ အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။ အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။ အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။