-
Movie Name
-
Phantom Wild Flower (2022)
-
Year
-
2022
-
Generes
-
Action
-
Code
-
CN0509
-
Type
-
Movie
-
Size
-
892 MB
-
Country
-
China
-
Description
-
Action ကြိုက်သူCMပရိသတ်ကြီးအတွက် ဟောင်ကောင်ဂျက်မ
Naked Weapon စတဲ့နာမည်ကြီးကားတွေလိုပဲ
မစ်ရှင်အောင်မြင်ဖို့အတွက်အလှအပမာယာတွေနဲ့
တိုက်ခိုက်စွမ်းရည်ပြည့်ဝတဲ့ မိန်းကလေးအထူးတပ်ဖွဲ့အကြောင်းကို
ရိုက်ထားတဲ့အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်အိမ်ကတော့ဂျပန်တွေကျူးကျော်ဝင်လာတဲ့
မတည်ငြိမ်တဲ့ခေတ်ကာလကြီးကိုအခြေပြုထားတာပဲဖြစ်ပါတယ်။
လောကကြီးမှာဖက်တွက်စရာမရှိတော့တဲ့
အထီးကျန်မိန်းကလေးတွေ ပြည်သူတွေအေးချမ်းဖို့အတွက်
ကိုယ့်ကိုယ်ကိုပေးဆပ်ဖို့ဝန်မလေးတဲ့
မိန်းကလေးတွေကိုစုစည်းပြီး လျို့ဝှက်လေ့ကျင့်သင်တန်းပေးပြီး
လျှို့ဝှက်ပြီးတရားမျှတတဲ့အမျိုးသမီးအထူးတပ်ဖွဲ့ကိုတည်ထောင်ထားဖြစ်ပါတယ်။
သူတို့ဟာပန်းလေးတွေလိုပဲ လှပစွာညှို့ငင်ပြီး
ရည်မှန်းချက်ကိုရအောင်ယူဖို့နည်းမျိုးစုံနဲ့လုပ်ကိုင်တတ်ကြသူတွေပါ။
မမလှလှတွေရဲ့ကြမ်းကြမ်းရမ်းရမ်း အက်ရှင်တွေအပြင်
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့တပ်ဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းကြားမှာ
အချစ်ဆိုတဲ့ချိုမြတဲ့ခံစားချက်လေးဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ……
သူတို့ထင်မှတ်ထားတဲ့တရားမျှတခြင်းဟာ
တရားမျှတမှုအစစ်အမှန်ဟုတ်ရဲ့လား……
အချစ်ဆိုတာကရောအချစ်စစ်ဟုတ်ရဲ့လား……
ရှေ့ဆက်ပြီးဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့
ဖန်သားပြင်မှာပဲဆက်လက်ကြည့်ရှုလိုက်ပါနော်…