-
Movie Name
-
The Glory Part 1(2022)
-
Year
-
2022
-
Generes
-
Drama, Thriller
-
Code
-
SKR0768
-
Type
-
Series
-
Size
-
2.13 GB
-
Country
-
Korea
-
Description
-
1-8 Completed
တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းက အားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်း …
ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် …
ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။
နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါ ထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။
ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမက တစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ …
ဘာတွေဆက်ဖြစ်မလဲ?
မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား?
ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။