Movie Name
Hey Sensei Don't You Know [2019]
Year
2019
Generes
Romance
Code
SJP0004
Type
Series
Size
2.43 GB
Country
Japan
Description
2019က ထွက်ရှိခဲ့တဲ့ Dramaဖြစ်ပါတယ် ။ အပိုင်း၆ပိုင်းပါဝင်ပြီး တစ်ပိုင်းစီမှာပျှမ်းမျှ ၂၅မိနစ်စာရှိပါတယ်။ “Hey sensei,don’t you know” ဆိုတဲ့ Manga ကို drama အဖြစ်ပြန်ရိုက်ခဲ့တာဖြစ်ပြီး Ending song အနေနဲ့ Bolbbagan 4ရဲ့ပထမဆုံး Japanese single song “Love”သီချင်း ကိုအသုံးပြုထားပါတယ်။ “ဟာနာ နှင့် ရီချီ” “ဟာနာ”ဆိုတဲ့မိန်းကလေးက Girl Manga တွေရေးတဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အထက်တန်းကျောင်းseniorဘဝကတည်းက Mangaတွေကိုစတင်ရေးသားခဲ့ပြီး အလုပ်ထဲမှာပဲဘဝကိုမြှုပ်နှံထားသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့စာမူတွေအပ်ပြီးပြန်အလာ လမ်းမှာရှိတဲ့မှန်တစ်ချပ်ထဲမှာ သူမရဲ့ပုံရိပ်ကိုမြင်တွေ့လိုက်ရပါတယ်။ အလုပ်ကလွဲပြီးကျန်တာကိုဂရုမစိုက်ခဲ့တဲ့ဟာနာတစ်ယောက် fashionအမြင်မရှိ ဖရိုဖရဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူမရဲ့ပုံစံကိုပြောင်းပစ်ဖို့ဆလွန်းတစ်ခုကို သွားလိုက်ပါတယ်။ အဲဒီဆလွန်းမှာတော့ ဆံပင်ညှပ်တော်ပြီးခံ့ညားတဲ့ ရီချီဆိုတဲ့Hairstylistတစ်ယောက်ရှိနေခဲ့ပါတယ်။ “ရီချီ”ကတော့ Modelမင်းသမီးတွေကိုပါ hairstyleပြင်ပေးရလေ့ရှိတဲ့ခပ်မိုက်မိုက်Hairstylistတစ်ယောက်ပါ။ သူ့အနားမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေပေမဲ့ hairstyleတွေကိုပဲအမြဲတမ်းသင်ယူလေ့လာမှုတွေပဲပြုလုပ်နေခဲ့လို့ ရည်းစားကိုဂရုမစိုက်နိုင်ဘဲ တစ်ယောက်ပြီးတစ်ယောက်နဲ့ပြတ်စဲခဲ့ရတာကြောင့် ရည်းစားထပ်မထားဘဲ အလုပ်ကိုသာ အချိန်ပြည့်ကြိုးစားနေခဲ့ပါတယ်။ တစ်နေ့မှာတော့သူ့ဆလွန်းကို ကပိုကရိုနဲ့အနွေးထည်အထူကြီးဝတ်ထားတဲ့မိန်းကလေးတစ်ယောက် ဆံပင်ညှပ်ဖို့ရောက်လာခဲ့ပါတယ်။ ဆံပင်ညှပ်ပေးရင်း စကားစမြည်ပြောမိတဲ့အခါ ဟာနာရဲ့အလုပ်အပေါ်ထားတဲ့လေးနက်မှုတွေ စိတ်အားထက်သန်မှုတွေကိုမြင်ပြီးသဘောကျသွားခဲ့ပါတယ်။ ဟာနာကလည်း သူ့ရဲ့Mangaတွေထဲကလို စကားပြောကောင်းပြီးခံ့ညားတဲ့cool guy ရီချီကိုသဘောကျနေခဲ့ပါတယ်။ ဒီလိုနဲ့ Love at first sightမှာပဲ ဖွင့်ပြောကာ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ဟာနာကအလုပ်လုပ်ရပြီဆိုရင် ဖုန်းစက်ပိတ်ထားပြီးရည်းစားကိုတောင်အဖက်မလုပ်တဲ့သူပါ။ အလုပ်သရဲလေးဟာနာကို ရီချီကနားလည်ပေးပြီး အစစအရာရာဂရုစိုက်ပေးကာ Mangaရေးဖို့အတွက်ကိုပါ ကူညီပေးတာတွေကို ကြည်နူးစွာနဲ့ကြည့်ရှုရမှာပါ။ Min lead နှစ်ယောက်ရဲ့chemistryမိမိသရုပ်ဆောင်မှုနဲ့အတူ sceneတွေကလည်းတကယ်ကိုကြည့်ရင်းပြုံးမိစေလောက်အောင် ကြည်နူးစရာကောင်းတာမို့လို့ ကြည့်ရှုနိုင်စေဖို့တင်ဆက်လိုက်ရပါတယ်…။ အမှတ် ၁၄၅ ကျောက္ကာလမ်း ရန်ကင်းဘုန်းကြီးကျောင်းနှင့် မျက်နှာချင်းဆိုင် ဧဝရတ် စတိုး တွင်လာရောက်ကူးဝယ်ယူနိုင်ပါတယ်ဗျ