-
Movie Name
-
Invincible (2021)
-
Year
-
2021
-
Generes
-
Action, Animation
-
Code
-
SAN0081
-
Type
-
Series
-
Size
-
6 GB
-
Country
-
Japan
-
Description
-
1-8 Completed
IMDb Rating – 8.8/10
အရင်နှစ်တွေက Super Heroဖန်တွေကြား
အောင်မြင်ခဲ့တဲ့ The Boysကိုထုတ်ခဲ့တဲ့
Amazon Primeက အသစ်ထုတ်ထားတဲ့
Super Hero Animation Series အသစ်ပါပဲ။
Animationပေမဲ့လည်း လက်ရှိအနေအထားအရတော့
IMDbရော Rotten Tomatoesမှာပါ
The Boysထက် Ratingသာနေသေးတယ်။
Voice Actorတွေအနေနဲ့လည်း Minariနဲ့ Oscar nomi
၀င်နေတဲ့ Steven Yeunနဲ့အတူ Zazie beetz
Jk Simmonsတို့လို နာမည်ကြီးတွေကို
သုံးထားပေးတယ်။ Amazon primeဟာ
ပရိတ်သတ်ကို အတော်စေတနာကောင်းတယ်
ဆိုလို့ရတယ်။ ပြောရရင် ဒီ Animationဟာ
Quality Productတစ်ခုပါပဲ။
ဇာတ်အိမ်ကတော့ Comic အတိုင်းပဲလို့တော့
ဆိုကြတယ်။ ဘယ်သူမှဖတ်ဖူးမှာမဟုတ်တော့
ဒါကပြဿနာတော့မဟုတ်ဘူး။ ဒီကောင်က
တွေ့နေမြင်နေကြ စူပါဟီးရိုးရုပ်ရှင်တွေနဲ့တော့
အတော်လေးကွဲပြားတယ်လို့ ဆိုလို့ရတယ်။
စူပါပါဝါတွေက The Boysထဲက အများစုရဲ့
ပါဝါတွေနဲ့အတူတူပဲဖြစ်သလို ဟုမ်းလန်ဒါလို
စွမ်းအားနဲ့ ကာရိုက်တာ ဆင်တဲ့တစ်ကောင်လည်း
ပါတယ်။ Animationပေမဲ့ သတ်တာဖြတ်တာတွေက
အတန်အသင့်ကြမ်းတမ်းတယ်။ခေါင်းကိုညှစ်ခွဲပြီး
မျက်လုံးတွေပြုတ်ကျလာတာမျိုး၊ လက်ဝါးစောင်းနဲ့
ခေါင်းဖြတ်ထုတ်ပစ်တာမျိုးတွေပေါ့။ Pilotမှာတင်
အတော်လေး သတ်တာဖြတ်တာတွေပြထားတယ်။
အကြိုက်ဆုံးတစ်ချက်ကတော့ ဇာတ်လမ်းအစမှာတင်
မြှုပ်ကွက်အကြီးကြီးကို မြင်သာထင်သာထည့်သွားပြီး
ကြည့်တဲ့လူရဲ့ သိချင်စိတ်ကို ဆွသွားတာကိုပါပဲ။
Fanတွေ လက်ရှိမှာ အမျိုးမျိုးတွေးနေကြပေမဲ့
သူတို့ကိုယ်တိုင်လည်း သူတို့မထင်တဲ့ အဖြေတစ်ခု
ဖြစ်လာမယ် မျှော်လင့်နေကြတယ်။ စူပါဟီးရိုးကား
အနေနဲ့မဟုတ်ရင်တောင် အတော်လေးတော့
စိတ်ကျေနပ်စရာကောင်းတဲ့ကားပါပဲ။
Invincibleဟာ လက်ရှိမှာ 2021ရဲ့ အကောင်းဆုံး
စူပါဟီးရိုးဇာတ်လမ်းတွဲအဖြစ်သမုတ်ခံနေရသလို
ကြည့်ရှုသူနှုန်းအများဆုံးကားအဖြစ်
ရပ်တည်နေတယ်။
ဒီ စီးရီးဟာ အပတ်စဥ်သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်းနှုန်းနဲ့
၈ ပိုင်းတိတိထွက်ရှိလာမှာပဲဖြစ်ပါတယ်။