Movie Name
The Essex Serpent (2022)
Year
2022
Generes
Adventure, Drama
Code
SE0338
Type
Series
Size
2.20 GB
Country
Hollywood
Description
IMDb – 7.1/10, Rotten Tomatoes – 100% ~ 1-6 Completed  Apple TV+ကနေ ထုတ်လိုက်တဲ့ စီးရီးအသစ်ပါ။ ၁၈ရာစု ဗစ်တိုးရီးယားခေတ်မှာ ရိုက်ထားပြီး စီးရီးပေမဲ့ တကယ့်လိုကေးရှင်းအစစ်တွေမှာ သွားရောက်ရိုက်ကူးထားပြီး Production Designတို့ Costume Design တို့ မိုက်ပါတယ်။ ၁၈ ၁၉ရာစုတွေမှာ အခြေတည်ထားတဲ့ ကားတွေကို သဘောကျတဲ့သူတွေ သဘောကျမှာပါ။ Cast တွေကလည်း Tom Hiddleston တို့ ရိုမီရို ဂျူးလိယက်ထဲက ဂျူးလိယက် Claire Danes တို့ပါ။ Tom ရဲ့ မာဗယ်ကနေ ပြန်ခွဲထွက်ပြီး တကယ့်အနုပညာစစ်တဲ့ကား‌တွေမှာ ပြန်သရုပ်ဆောင်ဖို့ လမ်းအစလို့လည်း တစ်ချို့ဝေဖန်ရေးသမားတွေကဆိုပါတယ်။   ဇာတ်အိမ်ကတော့ အတိုဆုံးပြောရရင် သိပ္ပံပညာနဲ့ ယုံကြည်မှုကြား အားပြိုင်တဲ့အကြောင်းပေါ့။ ၁၈ရာစု ဆေးပညာရဲ့ ခွဲစိတ်ကဏ္ဍဦးအစက ဉာဏ်ကြီးရှင်ဆရာ၀န်တစ်ယောက်ရယ်၊ တွမ်ရဲ့ဇာတ်ကောင် ဖာသာဆန်မနေတဲ့ ဖာသာရယ်၊ လွတ်လပ်တဲ့အတွေးအခေါ်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ သတ္တဝါဆန်းကြီးတွေကို စိတ်၀င်စားတဲ့ မိန်းမတစ်ယောက်ရယ်ရဲ့ Chemistry ကို ပုံဖော်ထားတဲ့ ဇာတ်ပါ။ ချားလ်ဒါ၀င်စကားတွေ ကျောက်ဖြစ်ရုပ်ကြွင်းဗေဒတွေ၊ ခွဲစိတ်ပညာရဲ့ကနဦးကာလတွေ၊ ဘာသာရေးတွေ၊ သတ္တဝါဆန်းကြီးတွေ၊ ပဟေဠိဆန်တဲ့လူသေမှုတွေ တွေ့ရမယ့် တင်ဆက်ပုံလည်း စီးရီးတွေထဲတစ်မူထူးတဲ့ စီးရီးပါပဲ။   ဗစ်တိုးရီးယားခေတ်က လွတ်လပ်ချင်စိတ် သိမြင်ချင်စိတ်အပြည့်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ နှိပ်စက်တတ်တဲ့ သူ့ယောကျာ်း‌ရောဂါနဲ့သေသွားပြီးတဲ့နောက်၊ ဒဏ္ဍာရီလာမြွေနဂါးတွေ့တယ်ဆိုတဲ့ ရွာကလေးကိုလာပြီး၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်ဆန်ဆန် ‌အပျော်တမ်းလေ့လာကြည့်ရာက၊ အဲဒီရွာလေးမှာ ဖြစ်နေတဲ့ပဟေဠိဆန်ဆန် ဖြစ်ရပ်တွေနဲ့အတူ တစ်မူထူးတဲ့ဖာသာတစ်ယောက်နဲ့ ကြုံပြီးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲပေါ့……