Movie Name
The Undeclared War (2022)
Year
2022
Generes
Drama, Sci-Fi
Code
SE0341
Type
Series
Size
2.16 GB
Country
Hollywood
Description
The Undeclared War (2022) Peacock TVက​ ထုတ်လွှင့်ထားတဲ့ British thrillerစီးရီး​ကောင်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ Miniseriesဖြစ်ပြီး Epiက ၆ပိုင်းပဲ ပါဝင်ကာ IMDb 6.6နဲ့ RT 70% ရရှိထားပါတယ် ၂၀၂၄ခုနှစ် ဗြိတိန်အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကာလကို ဇာတ်အိမ်တည်ထားပြီး အင်အားကြီးနိုင်ငံ​တွေကြားက cold war ပုံစံလို့ ​ပြောနိုင်တဲ့ Cyber warအ​ကြောင်းကို thrillerဆန်ဆန် ကြည့်ရှု ခံစားရမှာပါ။ Cyber ​​လောကနဲ့ သူတို့​ရဲ့ လုပ်ငန်း​ဆောင်ရွက်ပုံ၊ Malwareတိုက်ခိုက်မှုအမျိုးမျိုးနဲ့ ဟက်ခ်ကာ​တွေရဲ့အားပြိုင်မှု​၊ နိုင်ငံ့​ခေါင်း​ဆောင်​တွေရဲ့ အားပြိုင်မှု​နဲ့အတူ ဇာတ်အစအဆုံးကို ​လိုတိုရှင်း ခပ်သွက်သွက် ကြည့်ရမှာပါ။ ITပိုင်းနဲ့ hackingပိုင်း​တွေကို စိတ်ဝင်စားသူ​တွေ အကြိုက်​တွေ့မှာ ​​သေချာပါတယ်။ ဆာရာပါဗင်က ယူ​ကေက အစိုးရဆက်သွယ်​ရေးဌာနချုပ်(GCHQ)ကို ထူးချွန်အဆင့်နဲ့ရောက်လာတဲ့ အလုပ်သင်​ကျောင်းသူတစ်ဦးပါ။ ​​ရောက်​​ရောက်ချင်း ​ဆောက်နဲ့ထွင်းဆိုသလို အလုပ်ဆင်းတဲ့​နေ့မှာပဲ ယူ​ကေရဲ့ဆက်သွယ်​ရေးစနစ်တစ်ခုလုံးနီးပါးကို ပြတ်ကျသွား​​စေတဲ့ Malwareတိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်​တွေနဲ့GCHQအရာရှိ​တွေက ရုရှားအစိုးရရဲ့တရားမဝင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တာလို့ တရား​သေယူဆပြီး တန်ပြန် Cyberတိုက်ခိုက်မှု​တွေလုပ်ဖို့ ပြင်ဆင်ကြပါ​တော့တယ်။ ဒါ​ပေမဲ့ အဆိုပါMalwareဟာ သာမန်လို တစ်ဆင့်ပဲ တိုက်ခိုက်တာမျိုးမဟုတ်ဘဲ လျှို့ဝှက်ကုတ်တွေနဲ့၂ဆင့် ၃ဆင့်ထိ တိုက်ခိုက်မယ့်malwareဖြစ်​နေတာပါ။ ဒီလျှို့ဝှက်ချက်ကို သိခဲ့သူက အလုပ်သင်​လေး ဆာရာပါဗင် ဖြစ်​နေခဲ့တာပါ။ ပထမအဆင့်တိုက်ခိုက်မှုမှာပဲ အ​တော်​လေးအထိနာသွားတဲ့ ယူ​ကေ အ​နေနဲ့ Cyber Warကိုဆင်နွှဲပြီး သူတပြန်ကိုယ်တပြန် တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီး cyber attack နည်းပေါင်းစုံကို စတင်သုံးလာခဲ့သလို ဆာရာတို့ရဲ့ GCHQဘက်က​လည်း တစ်ဖက်က တိုက်ခိုက်မှု​တွေကို ကာကွယ်ဖို့ ကြိုးစားရပါ​တော့တယ်။ ယူ​ကေကို တိုက်ခိုက်ခဲ့တဲ့သူက တကယ်ပဲရုရှား​တွေဖြစ်​နေမလား၊ ဘယ်လျှို့ဝှက်အဖွဲ့အစည်း​တွေရဲ့ လက်ချက်ဖြစ်​နေမလဲ။ ဆာရာတို့က​​ရော တရားခံအစစ်ကို ​ရှာ​တွေ့သွားမလားဆိုတာ သည်းထိပ်ရင်ဖို ​စောင့်ကြည့်ရမှာပါ။