Movie Name
Meet Me After School
Year
2018
Generes
Drama, Romance
Code
SJP0006
Type
Series
Size
2.48 GB
Country
Japan
Description
Meet Me After School 😍❤ မြန်မာစာတန်းထိုး း စ/ ဆုံး ဒီကားတော်တော်မိုက်😙 ကြည့်မိတာနောက်ကျသွားတယ်..ဒီကားလေ တကယ်ကြိုက်တယ် တဇွတ်းထိုး ကျောင်းသားလေနဲ့ စဉ်းစားချင့်ချိန်လွန်းတဲ့ဆရာမလေရဲ့ အချစ်ဇာတ်လမ်းလေ မိုက်တယ် မကြည့်ရသေးရင် ကြည့်ကြပါ..ကြွေစေရမယ်လို့အာမခံတယ် ☺😍 အသက် ၁၅ နှစ် ဘာကိုမှ သေသေချာချာလေးနက်နက် မစဉ်းစားတတ်သေးတဲ့ ကောင်လေးတစ်ယောက် အချစ်ဆိုတဲ့အရာကို သူပထမဆုံးအကြိမ် ရှာတွေ့ခဲ့ရတယ် တကယ်ချစ်ရင် ဘာမှမမြင်တော့ဘူးပဲဆိုရမလိုပဲ ဒါပေမယ့် အဲ့ဒီ့ကောင်လေး ချစ်နေမိတဲ့သူက သူ့ရဲ့အတန်းပိုင်ဆရာမလေးဖြစ်နေခဲ့တယ် ဆရာမ နဲ့ တပည့်ဆိုတာ လူ့အဖွဲ့အစည်းအမြင်ကကြည့်ကြည့် ဘယ်ကပဲ ကြည့်ကြည့်ဆရာမနဲ့ကျောင်းသားဆိုတာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဆက်ဆံရေးတစ်ခု စည်းခြားထားတဲ့ ဖြူစင်တဲ့ အဲ့ဒီ့ချစ်ခြင်းလေးဟာ ပန်းခင်းလမ်းလေးလို ဖြောင့်ဖြူးသွားနိုင်ပါ့မလား ခယောင်းလမ်းကို လျှောက်ရသလို ကံကြမ္မာဆိုတဲ့အရာကပဲ သူတို့နှစ်ဦးကို ရှင်ကွဲခွဲရက်လေမလား ဆုအဲနဂ ဟိဂျိရိ ဟာ နယ်ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ မကြာခင် မင်္ဂလာဆောင်တော့မယ့် မရင့်ကျက်သေးတဲ့ မနူးမနပ် အသစ်ကျပ်ချွတ် အလယ်တန်းပြဆရာမလေး တစ်ယောက်ပါ။သို့သော် အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပြီးနောက်မှာ သူ့ရဲ့အတန်းထဲက ကျောင်းသားလေးတစ်ယောက်အပေါ်ခံစားချက်တွေရှိလာတဲ့နောက်မှာတော့.... ကျွန်တော်အစက ဒီ ဇာတ်ကားလေးကို နှာခေါင်းရှုံ့ခဲ့မိတယ်ဗျ 'ဟ ဆရာမ နဲ့ ကျောင်းသား ဘာကြီးလား'ဆိုပြီးတော့ စလွှင့်တဲ့ မနှစ်က 2018 Fall Drama တုန်းကလည်း သူ့ကို မကြည့်ဘဲ တခြား fall drama တွေပဲ ကြည့်ခဲ့တယ် အဲ ပြီးတော့ Fall Drama တွေပြီးသွားရောပေါ့ ဂျပန်မှာ အကောင်းဆုံး ဇာတ်ကားတွေဆုပေးတော့လည်း ဒီကားလေးမပါခဲ့ဘူး ဒါပေမယ့် ကိုယ်ဝင်ထားတဲ့ နိုင်ငံပေါင်းစုံက Group တွေ Like ထားတဲ့ page က ရွေးတော့ကျ ဒီကားလေးက ထိပ်ဆုံးဗျ ပြီးတော့ ညွှန်းတာမှလည်း တအား ညွှန်းချက်ညွှန်းချက်တွေ အဲ့ဒါနဲ့ကိုယ်လည်း ဘယ်လိုလား တစ်ပိုင်းလောက် စမ်းကြည့်ကြည့်ဦးမှပါလေ ဆိုပြီး ဒေါင်းကြည့်လိုက်တာ တစ်ခါတည်း နောက်ဆုံးပိုင်းပါ ရောက်သွားလေရော ဟ ကောင်းလှချည်လားဆိုပြီး စောင်းခဲ့တဲ့အမြင်တောင် 90 ဒီဂရီ ပြန်တည့်သွားတယ် အပြင်လောကက တကယ် Reality ဆန်တဲ့ အဖြစ်အပျက်တွေ အကြိုက်ဆုံးကလေ ဆရာတပည့်နှစ်ယောက်ရဲ့ Pure Love ဖြူစင်သောချစ်ခြင်းလေးကို သေချာပြနိုင်ခဲ့တာပဲ ဇာတ်လမ်းက ဘယ်ကိုမှ သွေဖယ်သွားခြင်းမရှိဘူး သရုပ်ဆောင်ပိုင်းက Kasumi Arimura ဆိုတဲ့အတိုင်း ပြောစရာကို မရှိတော့ မင်းသား okada kenshi ကလည်း အသစ်ဆိုပေမယ့် တော်တော်ကောင်းကောင်းသရုပ်ဆောင်နိုင်တာ တွေ့ရတယ် အကျေနပ်ဆုံးကတော့ Ending လေးပဲ မ spoil တော့ဘူးနော် ခါတိုင်းဇာတ်လမ်းတွေနဲ့မတူ ဆရာမ နဲ့ ကျောင်းသားလေးတစ်ယောက်တို့ရဲ့ ဖြူစင်တဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်ကို နားထောင်ကြည့်ကြရအောင်လား