-
Movie Name
-
Silent (2022)
-
Year
-
2022
-
Generes
-
Drama, Romance
-
Code
-
SJP0031
-
Type
-
Series
-
Size
-
4.13 GB
-
Country
-
Japan
-
Description
-
1-11 COMPLETED
မနှစ်က My Love Mix-Up! နဲ့လူသိများလာတဲ့ အဆိုတော်မင်းသားလေး Meguro Ren နဲ့အတူ
One Week Friend ထဲကမင်းသမီးလေး Haruna တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အဖီးလ်တစ်လိုင်းဂျပန်ဒရာမာစီးရီးလေးလာပါပြီ။
ဇာတ်လမ်းအညွှန်းလေးကတော့…
‘ဆုမုဂီ’ဆိုတဲ့ကောင်မလေးဟာ
သူအထက်တန်းကျောင်းသူဘဝတုန်းက အသံလေးကြားပြီး ကျိတ်သဘောကျခဲ့ရတဲ့၊
သီချင်းနားထောင်ရတာဝါသနာပါတာလည်းတူ အကြိုက်ချင်းလည်းတူတဲ့’ဆိုး’ဆိုတဲ့ကောင်လေးနဲ့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ခဲ့ပေမယ့်
အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတော့ မည်မည်ရရမရှိတဲ့ အကြောင်းပြချက်တွေနဲ့
‘ဆုမုဂီ’နဲ့ ကျောင်းကသူငယ်ချင်းတွေကို ဗြုန်းစားကြီးအဆက်အသွယ်ဖြတ်ပြီး ခြေရာဖျောက်သွားပါတော့တယ်။
ဆုမုဂီတစ်ယောက် ငယ်ချစ်ဦးပေးခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း အချိန်တစ်ခုအရောက်မှာ
အချစ်သစ်နဲ့ အခြေတကျနေထိုင်ဖို့စဥ်းစားနေစဥ် ‘ဆိုး’ကိုအမှတ်မထင်ပြန်ဆုံလိုက်ရတဲ့အခါမှာ
သူထင်ထားခဲ့သလို သစ်စိမ်းချိုးချိုးပြီးထားခဲ့တာမဟုတ်ဘဲ အကြားအာရုံချို့ယွင်းသွားမှုကြောင့်သာ
အားလုံးနဲ့ဝေးရာကိုရှောင်ပြေးခဲ့တဲ့ ‘ဆိုး’ အဖြစ်ကိုသိလိုက်ရတဲ့အချိန်မှာတော့
ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ….
အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်တစ်ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့
စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်