-
Movie Name
-
Six Characters (2022)
-
Year
-
2022
-
Generes
-
Drama, Thriller
-
Code
-
TH0089
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Thai
-
Description
-
မင်းသားMario ဖန်တွေ မျှော်နေကြတဲ့ Six Charactersဆိုတဲ့ ရုံကားကြီးဟာ ရုတ်တရက်ဆိုသလို 1080p ကြည်တောက်ရှင်းVersion ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။
နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားတဲ့အပြင် ထိုင်းထိပ်တန်း ဒါရိုက်တာကြီး M.L. Pundhevanop Dhewakul ရဲ့ နောက်ဆုံးရိုက်တဲ့ အနုပညာလက်ရာလည်းဖြစ်ပါတယ် ။
ကမ်ရွန် အဖြစ် Mario Maurer
နမ်ဖ ဒါရနီ အဖြစ် Taew Natapohn
သူဌေးမပါရာနီ အဖြစ် Rudklao Amratisha
နထီ အဖြစ် Boy Pakorn
အမွန်ဖိချရတ် အဖြစ် Aff Taksaorn
ဘူဖာ အဖြစ် Jiravich Pongpaijit
အမရာ အဖြစ် Pancake Khemanit Jamikorn
စူရိယ အဖြစ် Sakrat Ruekthamrong
ဇာတ်လမ်းအကျဉ်း
တစ်နေ့မှာ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကမ်ရွန်ဟာ ရိုက်ကူးရေးလုပ်နေရင်း ရုတ်တရက် မီးပြတ်သွားခဲ့တာမို့ ရိုက်ကူးရေး ခဏနားခဲ့ရတယ်
အဲဒီချိန်အတွင်းမှာပဲ ဇာတ်ကောင်၆ခုက သူတို့အကြောင်းရေးခဲ့တဲ့ စာရေးဆရာကို လာရှာတာဆိုပြီး ရောက်လာခဲ့ကာ သူတို့ဘဝဖြစ်ရပ်တွေကို ပြောပြခဲ့ပါတယ်
ငယ်ကတည်းက အလုပ်ကိုပဲ ကြိုးစားခဲ့ပြီး အလှမယ်လေး အမွန်ဖိချရတ်ကိုချစ်မိကာ လက်ထပ်ယူခဲ့တဲ့ သူဌေးကြီး “စူရိယ”…
သူဌေးကြီးနဲ့ လက်ထပ်ခဲ့ပေမဲ့ အတွင်းရေးမှူးဖြစ်သူ “နထီ” နဲ့ ချစ်ကြိုးသွယ်ခဲ့မိတဲ့ “အမွန်”…
ကွာရှင်းမှုကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ “စူရိယ”နဲ့ “အမွန်” တို့ရဲ့ သားကြီး “ဘူဖာ”…
“အမွန်” နဲ့ “နထီ” တို့ရဲ့ သမီးကြီးဖြစ်ပြီး ဘဝကံကြောင့် မိခင်ရဲ့ ခင်ပွန်းဟောင်းဆီမှာ အပျော်မယ်ဖြစ်ခဲ့တဲ့ “အမရာ”…
သူတို့တွေရဲ့ မပြီးဆုံးတဲ့ ဇာတ်လမ်းကို ပြောပြခဲ့ရာက ဒါရိုက်တာကြီးက ပြီးအောင်အဆုံးသတ်ကာ ရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတယ်
ဇာတ်ကောင်၆ခုရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ချင်စိတ်နဲ့ ဒါရိုက်တာ၊ သရုပ်ဆောင်တွေရဲ့ ဇာတ်လမ်းရိုက်ကူးရေးပုံစံတွေကို တင်ဆက်ထားတာဖြစ်ပြီး Jan Dara 1&2 , Eternity , Mae bia ,Sri ayodaya 1&2 တို့ရဲ့ ဒါရိုက်တာဖြစ်တဲ့ M.L. Pundhevanop Dhewakul အတွက် နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်