-
Movie Name
-
Spring Has Come (2018)
-
Year
-
2018
-
Generes
-
Drama
-
Code
-
SJP0007
-
Type
-
Series
-
Size
-
2.07 GB
-
Country
-
Japan
-
Description
-
ဒီဇာတ်လမ်းလေးက K-pop fan တွေနှုတ်ခမ်းဖျားမှာ
ရေပန်းစားတဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ဝင် Kai(Kim Jong In)ရဲ့
Japanese Debut Drama လေးဖြစ်ပါတယ်
ကိုးရီးယားအဆိုတော်Kai နဲ့ ဂျပန်မင်းသမီး Kurashina Kana တို့က Main Casts အဖြစ်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းကတော့ ဂျပန်ဇာတ်လမ်းပါဘဲ
Review>အသက်(၃၁)နှစ်အရွယ် Kishiawa Naoko ဆိုတဲ့
မိန်းကလေးဟာ အမျိုးသမီးအတွင်းခံတွေရောင်းတဲ့
ဝန်ထမ်းအဖြစ်အလုပ်လုပ်ရင်း ဘဝကိုငြီးငွေ့စွာဖြတ်သန်းနေရတယ်
သူမအဖေက အစိုးရအလုပ်ကထွက်ပြီး
မိမိကိုယ့်ကိုသိမ်ငယ်စိတ်တွေနဲ့
အိမ်သားတွေအပေါ်အာရုံမရှိတော့တဲ့
ကြုံရာကျပန်းလုပ်နေရတဲ့သူ
အမေကလည်းအိမ်သုံးစရိတ်ကိုချွေချွေတာတာသုံးရပြီး
အမြဲတမ်းနွမ်းနွမ်းပါးပါးဖြစ်နေတဲ့ အိမ်ရှင်မ
အထက်တန်းကျောင်းသူညီမကလည်း
အိမ်ကဝင်ငွေမလောက်တာကြောင့်
ဖြတ်လန်းနည်းနဲ့အိမ်ကမသိအောင်ဝင်ငွေခိုးရှာနေတဲ့
ခပ်ဆိုးဆိုးကောင်မလေး
အဲ့ဒီလိုမိသားစုမှာသူမဟာသမီးကြီးတာဝန်အရ
သူမရဲ့မိသားစုတွေက သူမရဲ့ဝင်ငွေကိုအားထားရတဲ့ကြောင့်
သူမဟာ အလုပ်ကိုဘဲအာရုံထားပြီး
ချစ်သူထားဖို့အချိန်မရှိပါဘူး
တစ်နေ့သောနွေဦးကာလမှာတော့
သူမဘဝထဲကို လူတစ်ယောက်ရောက်လာခဲ့ပါတယ်
အဲ့ဒီလူက အသက်(၂၆)နှစ်အရွယ် ကိုးရီးယားလူမျိုး
Lee Ji Won ဆိုတဲ့ ဓာတ်ပုံဆရာလေးပါ
Lee Ji Won နဲ့ သူမဟာ Lee Ji Won ရဲ့
ပထမအလုပ် ဓာတ်ပုံပရောဂျက်တစ်ခုမှာ
ဆုံခဲ့ပြီး ခင်မင်ရင်းနှီးရာကနေသံယောဇဉ်တွေဖြစ်လာခဲ့ကြတယ်
အဖေမရှိတော့ဘဲ ရောဂါသည်အမေကို
ပြုစုပြီးတစ်ကိုယ်တည်းသမားဖြစ်နေတဲ့
Lee Ji Won ဟာ သူဝါသနာအပါဆုံးအလုပ်ဖြစ်တဲ့
ဓာတ်ပုံရိုက်တဲ့အလုပ်နဲ့သူဖြစ်ချင်တဲ့နာမည်ကြီးဓာတ်ပုံပညာရှင်
ဖြစ်ဖို့ ဂျပန်ကိုလာခဲ့ရတာပါ
မေတ္တာငတ်နေတဲ့ Lee Ji Won ဟာ
ပိုက်ဆံမချမ်းသာကြပေမယ့် အချင်းချင်းနွေထွေးမှုရှိတဲ့
Naoko ရဲ့မိသားစုဆက်ဆံရေးကို အားကျပြီး
သူမတို့အိမ်ကို အမြဲဝင်ထွက်ရာကနေ
တစ်နေ့မှာ သူ့အလုပ်အခက်အခဲဖြစ်ပြီး အကြွေးတင်လို့
Naoko တို့ဆီမှာ ပိုက်ဆံချေး ဖို့ အခြေအနေဖြစ်လာပါတယ်
Naoko မိသားစုက မပြေလည်ပေးမယ့် သူ့ကိုယုံကြည်လို့
ခြစ်ကုတ်စုဆောင်းထားတဲ့ပိုက်ဆံကိုပေးချေးခဲ့တယ်
ဒါပေမယ့် ကံကြမ္မာက ဘယ်လိုတွေပြောင်းလဲပစ်မလဲ?
Lee Ji Won ဟာ သူ့ထက်အသက်ကြီးတဲ့
Naoko ကို တကယ်မေတ္တာရှိလို့ချဉ်းကပ်ခဲ့တာလား?
ငွေအတွက်အသုံးချခဲ့တာလား?
အသက်အရွယ်မတူ လူမျိုးမတူတဲ့ သူနှစ်ယောက်က
အတူတူနေဖို့ ဖြစ်နိုင်မလား?
နွေဦးကာလတစ်ခုမှာစခဲ့တဲ့သူမတို့ရဲ့ဇာတ်လမ်းလေးဟာ
ဘယ်လိုဖြစ်သွားမလဲဆိုတာ......