Movie Name
Miss Captain (2022)
Year
2022
Generes
Romance
Code
CN0518
Type
Movie
Size
750 MB
Country
China
Description
ဇာတ်လမ်းအကျဥ်း💞 မင်တယ်ဘက်စကတ်ဘောအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ ကျုံးတဟိုင်ဟာ တက္ကသိုလ်အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေချိန်မှာ မထင်မှတ်ဘဲ မိန်းကလေးအဖြစ်ပြောင်းလဲသွားခဲ့လေတယ် ဒီရောဂါရဲ့သုတေသနတန်ဖိုးကြောင့် တာဝန်ခံဒေါက်တာဟာယောက်ျားလေးအဖြစ်ပြန်ပြောင်းနိုင်မဲ့ နည်းလမ်း ရှာပေးဖို့ ကျုံးတဟိုင်ကို ကတိပေးလိုက်တဲ့အပြင် ကျုံးယန်ရှင်းအဖြစ်နာမည်ပြောင်းပေးပြီး ကျောင်းပြောင်းကျောင်းသူအနေနဲ့ ကျောင်းဆက်တက်ဖို့ ကူညီပေးခဲ့လေတယ် ဘတ်စကတ်ဘောအသင်းရဲ့အဓိကကျောရိုး ပျောက်ဆုံးသွားတဲ့အခါမှာ အသင်းပျက်လုဆဲဆဲအန္တရာယ်ကိုရင်ဆိုင်နေရတဲ့ ကျုံးယန်ရှင်းက ကျောင်းတူငယ်ကျွမ်းဆွေဖြစ်တဲ့ လုရှင်းချီကို အကူအညီတောင်းဖို့ဖြစ်လာလေတယ် သို့ပေမဲ့လည်း သူ့ရဲ့ ကျီစယ်နောက်ပြောင်ခြင်းကို ခံလိုက်ရပြီး လုရှင်းချီရဲ့အကြင်နာမဲ့ နှုတ်ကြမ်းတဲ့စရိုက်က သူ့အတွက် ညီအစ်ကိုကောင်းတစ်ယောက် မဟုတ်တော့သလို ခံစားလိုက်ရလေတယ် ရန်ဖြစ်မှုတွေကြားကနေ နှစ်ယောက်ကြားက ခင်မင်မှုအပေါ် ဝေခွဲမရဖြစ်လာတဲ့ ကျုံးယန်ရှင်းက လုရှင်းချီနဲ့အတူ ပြိုင်ပွဲပေါင်းများစွာကို တူတူဖြတ်ကျော်ရင်း ရင်းနှီးကျွမ်းဝင်တဲ့ညီအစ်ကို သံယောဇဉ်ကို ပြန်လည်ရှာတွေ့လာပေမဲ့လည်း ကိုယ့်ရဲ့ညီအစ်ကိုကောင်းအပေါ် တခြားခံစားချက်တွေရှိနေတာကို သတိထားမိတဲ့အခါ....